မုံရွာနယ်က ထနောင်းတောရွာကို စစ်တပ်ကမီးရှို့နေ

မုံရွာနယ်က ထနောင်းတောရွာကို စစ်တပ်ကမီးရှို့နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ထနောင်းတော(တောင်ရွာ)ကို စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက မတ်လ ၁၅ ရက်ဒီမနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်သားနဲ့ပျူတွေက ဒီမနက် ၆ နာရီလောက်မှာ ရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။


"အခုလောလောဆယ်တော့ ဘာမှတိတိကျကျ မသိရသေးဘူး။ စစ်ကြောင်းပြန်မှပဲ သိရမယ်။ နေအိမ်တွေကို မီးရှို့တာ တော်တော်များတယ်လို့ ကြားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်" လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်ထိလည်း ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့နေဆဲ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ နီးစပ်ရာကျေးရွာနဲ့ တောတွေထဲမှာ ရှောင်တိမ်းနေရဆဲဖြစ်ကာ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ခုမီးရှို့နေတဲ့ စစ်အုပ်စုဟာ မုံရွာ-မန္တလေးလမ်းဘေး မြေနဲကျေးရွာအဝင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုဖြစ်တယ်လို့လည်း အထက်ပါဝာာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်ကလည်း ထနောင်းတော (မြောက်ရွာ)က နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 စာတည်း - လင်း
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10