မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချ အလင်းဝင်ရေး လှုပ်ရှားမှု ပြုလုပ်

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချ အလင်းဝင်ရေး လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် လူစည်ကားရာနေရာတွေမှာ နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ် လက်အောက်က တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံရေး လှုပ်ရှားမှုတခုကို မုံရွာသပိတ် အင်အားစုက ပြုလုပ်ခဲ့ပါတယ်။ 

အဲ့ဒီလှုပ်ရှားမှုကို မုံရွာသပိတ်အင်အားစုနဲ့ မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး မုံရွာမြို့ လူစည်ကားရာနေရာတွေဖြစ်တဲ့ စျေး၊ ကန်သာယာ၊ ရွှေစည်းခုံဘုရားနဲ့ တခြားနေရာတွေမှာ “ အလင်းဝင်ပါ”“နောက်မကျသေးဘူး”“ တပ်မတော်သားတို့ လက်နက်ချပါ” စတဲ့ စာလုံးတွေ ရေးထိုးထားတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

"လက်နက်ချပြီး အလင်းဝင်ပါ။ လက်နက်ချတာဟာ အညံ့ခံတာ မဟုတ်ပါဘူး။ ပြည်သူ့လူထုအတွက် သူရဲကောင်းအဖြစ် သတ်မှတ်ထားသူတွေဖြစ်တယ်" လို့ မုံရွာသပိတ်အင်အားစုအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ပွဲရဲ့အကျိုးရလဒ်ဟာ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုများစေတာကြောင့် တပ်မတော်သားတွေ အမြင်မှန်ရပြီး ပြည်သူ့ဘက်ကူးပြောင်းလာဖို့ကို နည်းမျိုးစုံနဲ့လုပ်သွားဖို့ရှိပါတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းကာ အလင်းဝင်လာတဲ့တပ်ရင်း ၁၂၉ ကိုလည်း ပြည်သူတွေဘက်က ကျေးဇူးတင်သလို နွေးထွေးစွာနဲ့ ကြိုဆိုနေတာဖြစ်ပြီး နောက်ထပ် တပ်မတော်သားတွေ အနေနဲ့လည်း အာဏာရှင်လူတစုကို ကာကွယ်ပေးနေရာက ပြည်သူ့ဘက်ကို ကူးပြောင်းလာမယ်ဆိုတာ ယုံကြည်တယ်လို့  ဆိုပါတယ်။ 

ပုံစာ - နိုဝင်ဘာ ၁၉ ရက်က မုံရွာမြို့ လူစည်ကားတဲ့နေရာတွေမှာ လှုပ်ရှားမှုပြုလုပ်ခဲ့စဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #စစ်ကောင်စီ #လက်နက်ချ #အလင်းဝင် #ပြည်သူ့ရင်ခွင်ခိုလှုံ #မုံရွာသပိတ်အင်အားစု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10