မုံရွာမြို့ပေါ်မှာ မှန်လုံကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ဆိုင်ကယ်မောင်းသူ လူငယ်သေဆုံး

မုံရွာမြို့ပေါ်မှာ မှန်လုံကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ဆိုင်ကယ်မောင်းသူ လူငယ်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ သြဂုတ်လ ၁၇ ရက် ဒီနေ့နေ့လယ် ၁၂ နာရီအချိန်ခန့်က ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်မောင်းသူ နေရာမှာတင် သေဆုံးသွားတယ်လို့ မုံရွာမြို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ မုံရွာမြို့ပေါ် ဗိုလ်ဇေလမ်း နဲ့ လမ်းသွယ် (၅) အနီးမှာ မှန်လုံကားနဲ့ ဆိုင်ကယ်တို့တိုက်မိကာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၂၀ ဝန်း ကျင်အရွယ်အမျိုးသားတဦး ပွဲချင်းပြီးသေဆုံးသွားသလို ဆိုင်ကယ်လည်းထိခိုက်ပျက်ဆီးသွားတယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့တွေ့တဲ့အချိန်က ဆိုင်ကယ်နဲ့ လူဘဲတွေ့တယ်။ တိုက်သွားတဲ့ကားက မိ၊ မမိဆိုတာတော့ မသိရဘူး။အဲဒီကောင်လေးက မုံရွာမြို့ပေါ်ကဘဲဖြစ်ဖို့များတယ် ။ဘယ်သူဘယ်ဝါလဲဆိုတာတော့ တိတိကျကျမသိရဘူး ။ ယာဉ်တိုက်မှုဖြစ်ပြီးတော့ သူ့ရဲ့မိသားစုဝင်တွေလည်းရောက်လာတယ်”လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အမျိုးသားကို  မုံရွာမြို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က မုံရွာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း မုံရွာမြို့ ပြည်ထောင်စုလမ်း ဘုရားနီလမ်းပိုင်းအကျော်မှာ  ကားနဲ့ ဆိုင်ကယ်ပွတ်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်းသူတဦး သေဆုံးသွားပါသေးတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ယာဉ်တိုက်မှု #လူသေဆုံး #မတော်တဆမှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10