မုံရွာမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ "ဘူးသပိတ်" ပြုလုပ်

မုံရွာမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ "ဘူးသပိတ်" ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လူစည်ကားရာနေရာတွေမှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး "ဘူးသပိတ်" ကို အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီခန့်မှာ ပြုလုပ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ဒေါက်တိုင်ဖြစ်တဲ့ စစ်တပ်အတွက် ဝင်ငွေရရှိမဲ့ထုတ်ကုန်တွေကို မသုံးစွဲရေးမှာလည်း အလွန်အရေးပါတာကြောင့် ဒီသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲဖို့ ပြောချင်ပါတယ်။ တော်လှန်ရေးရဲ့ ဒေါက်တိုင်ပစ္စည်းတွေဖြစ်လို့ ပြည်သူတွေ ဘူးသပိတ်မှာ ပါဝင်ပေးကြပါ" လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

မုံရွာမြို့လူစည်ကားရာ ကန်သာယာစျေး၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်၊ အဝေးပြေးကားဝန်း စတဲ့နေရာတွေမှာ ဘူးသပိတ် လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်။ ရွှေမန်းသူ၊ ရှမ်းမလေး၊ ရွေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ ကား ငါတို့မစီးဘူး။ မြန်မာဘီယာ ငါတို့မသောက်ဘူး။ ဒဂုံတံဆိပ် (Dagon) အရက်၊ အချိုရည်၊ ဘီယာ မသုံးဘူး။ ရွှေဖီဦး၊ nan myaing၊ lemon tea ငါတို့မသောက်ဘူး။ PREMIUM GOLD၊ Red Ruby ဆေးလိပ်ငါတို့ မသောက်ဘူး " စတဲ့ စာသားပါ ပိုစတာတွေကိုင်ဆောင်ကာ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။


စာတည်း - လင်း 

#မြေလတ်အသံ

#မုံရွာ #စစ်တပ်ထုတ်ကုန် #မသုံးစွဲရေး #ဘူးသပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10