မုံရွာမြို့လယ်နာရီစင်မှာ ၁၉ ဇူလိုင်မမေ့နိုင်စာတန်းချိတ်ဆွဲ၊ ကားတာယာကွင်း မီးရှို့

မုံရွာမြို့လယ်နာရီစင်မှာ ၁၉ ဇူလိုင်မမေ့နိုင်စာတန်းချိတ်ဆွဲ၊ ကားတာယာကွင်း မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက မြို့လယ်ကောင်က နာရီစင်မှာ “၁၉ ဇူလိုင် မမေ့နိုင်” ဆိုတဲ့ စာတန်းကိုချိတ်ဆွဲခဲ့ပြီး ကားတာယာတွေကို မီးရှို့ခဲ့တယ်လို့  မုံရွာလူငယ်အစည်းအရုံးက ပြောပါတယ်။ 

ဇူလိုင် ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့ကို ဂုဏ်ပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဇူလိုင် ၁၉ ရက် ဒီနေ့ မနက် ၇နာရီခွဲက “အာဇာနည်မျိုး သေရိုးမရှိ” ဘန်နာကိုင်စွဲကာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ပုံတချို့နဲ့ ကြွေးကြော်သံတွေအော်ကာ မုံရွာမြို့ပေါ်မှာ သပိတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာမြို့  #နာရီစင် #ကားတာယာကွင်း #မီးရှို့ #အာဇာနည်နေ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10