မုံရွာမြို့လယ်မှာ လူငယ်တွေအရုဏ်ဦးပျောက်ကြားသပိတ်ပြုလုပ်

မုံရွာမြို့လယ်မှာ လူငယ်တွေအရုဏ်ဦးပျောက်ကြားသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မီးပွိုင့်မှာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက်အစောပိုင်းက လူငယ်တွေဦးဆောင်ပြီး အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

"စစ်ခွေး နိဂုံး2023" စာသားပါဘန်နာကိုကိုင်ဆောင်ကြွေးကြော်ပြီး မင်းအောင်လိူင်ဓါတ်ပုံကို နင်းခြေဖျက်စီးကာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရေးသားထားတဲ့ စာရွက်တွေဖြန့်ကြဲခဲ့ကြတယ်လို့ သိရပါတယ်။

Monywa Road Information (MRI) ဖွဲ့စည်းခြင်းတနှစ်ပြည့်ဂုဏ်ပြုခြင်းအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ပြုလုပ်တာဖြစ်ပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့ကဦးဆောင်ကာ မုံရွာတော်လှန်လူငယ်ကွန်ယက်က ပူးပေါင်းဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10