မုံရွာမြို့အထွက်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့အထွက်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ Sun King Envoy Monywa က ဇန်နဝါရီလ ၂၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုံရွာ - မန္တလေးလမ်းဘက်ကို ဇန်နဝါရီလ ၂၃ ရက် မနက်အစောပိုင်း ၁ နာရီလောက်အချိန် စစ်ကောင်စီယာဥ်တန်း ၆ စီးမောင်းနှင်လာတာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က မုံရွာတောင်ဘက်က မုံရွာ - မန္တလေးလမ်းဘက်ကို ၃ စီးတဖွဲ့စီ ၆ စီး စစ်သားတွေတင်ပြီး မီးကိုအလင်းလျော့ပြီး မောင်းလာတာ နောက်ဆုံးကားကို ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကားကတော့ ဖြေးဖြေးချင်း ဆက်ထွက်သွားတယ်" လို့ Sun King Envoy အဖွဲ့က ဗိုလ်ပန်ဒါက ပြောပါတယ်။

သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ဘက် ပြန်လှန်ပစ်ခတ်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အတွင်းသတင်းပေးပို့ချက်အရ စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 အဲဒီတိုက်ခိုက်မှုကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ Sun  King  Envoy Monywa( LPDF )၊ Black Joker နဲ့ ချင်းတွင်းခွပ်ဒေါင်းတို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10