မုံရွာမှာ အလံနက် လွှင့်ခဲ့သူ ဗိုလ်ဒဿ (ရုပ်/သံ)

မုံရွာမှာ အလံနက် လွှင့်ခဲ့သူ ဗိုလ်ဒဿ (ရုပ်/သံ)

၂၀၂၂ ခုနှစ်မှာ မုံရွာမြို့ကို အနက်ရောင်အလံလွှင့်ပြီး စစ်ဆင်ရေးစခဲ့သူ

အဲဒီအချိန်က ပူးပေါင်းအဖွဲ့ ၃ ဖွဲ့နဲ့သာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်ခဲ့တာလည်းဖြစ်ပါတယ်။ သူကတော့ ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿပဲ ဖြစ်ပါတယ်။

မုံရွာက ပြည်သူတွေကို စစ်ရေးကြမ်းမယ်လို့ အသိပေးခဲ့ပြီးကတည်းက မုံရွာမြို့မှာ စစ်ကောင်စီကို မြေအောက်ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရင်း သူနဲ့အတူ  ပူးပေါင်းအဖွဲ့တွေ ၂၀၂၂ ခုနှစ်၊ ၆ လပိုင်းကတည်းက တောခိုနေခဲ့ပြီး ပြောက်ကျားအသွင်နဲ့ လှုပ်ရှားလာခဲ့ကြတာပါ။

အာဏာမသိမ်းခင်တုန်းက ဗိုလ်ဒဿဟာ ကျောင်းသားတယောက်ဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်ကို မကြိုက်လို့  ဓာတ်ပုံဆရာဘဝကနေ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ သူရွေးချယ်ခဲ့တာပါ။ သူကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်ခဲ့ပါသေးတယ်။

လက်ရှိ ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့မှာ ခေါင်းဆောင် ဗိုလ်ဒဿအပါအဝင် ရဲဘော် ၂ ဦး စုစုပေါင်း ကျဆုံးသူ ၃ ဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။  ဒဿ မုံရွာ PDF ကို ဗိုလ်ဒဿမရှိတော့တဲ့နောက် သူ့ဆရာလည်းဖြစ် မုံရွာယူဂျီ တပ်ပေါင်းစုကိုလည်း တည်ထောင်ခဲ့သူဖြစ်တဲ့ ဗိုလ်တိုက်ဂါးက ဆက်လက်ဦးဆောင်တိုက်ပွဲဝင်သွားမှာပါ။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ဗိုလ်ဒဿ  #PDF #ပြောက်ကျားတပ်ဖွဲ့  #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10