မုံရွာမှာ စစ်အုပ်စုက ဒေသခံနေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့

မုံရွာမှာ စစ်အုပ်စုက ဒေသခံနေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘုဘကျေးရွာက နေအိမ်တွေနဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Defender Of Motherland Force တပ်ဖွဲ့ဆီက သိရပါတယ်။ 

ဘုဘကျေးရွာနဲ့  ၂ မိုင်အကွာ ညောင်ဖြူပင်ကျေးရွာရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့က မနက် ၈ နာရီလောက်မှာ ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ ဆိုင်ကယ် ၅ စီး အပါအဝင် စုစုပေါင်း ၁၀ စီးနဲ့ နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ 

ဒါ့အပြင်နောက်ထပ် ဆိုင်ကယ်တွေ၊ ဒေသခံတွေဆီက သိန်း ၅၀ ဝန်းကျင်နဲ့ ရွှေထည်အချို့၊ Wifi စက်၊ လိုင်းအားမြှင့်စက်၊ ဆန်အိတ်၊ ဆီပုံး၊ ကွန်ပြူတာ၊ ဖျော်ရည်ကပ်၊ ရေခဲသေတ္တာ စတဲ့ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ယူသွားကြတယ်လို့ ဆိုပါတယ်။

"ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခဲ့ကြတယ်။ ဆိုင်ကယ်ဆိုလည်း အကောင်းတွေကို ခိုးယူသွားတယ်။ ရဲဘော်တွေက မီးငြှိမ်းသတ်လို့ဆုံးရှုံးတာ နည်းသွားတယ်" DOMF သတင်းတာဝန်ခံက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကတည်းက ညောင်ဖြူပင်ကျေးရွာ အနီးရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း မုံရွာ - အမြင့်လမ်း ဦးဆောင်ကော်မတီ အဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ညောင်ဖြူပင်ရွာ #ဘုဘ #စစ်ကောင်စီ #မီးရှို့ #ပစ္စည်းယူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10