မုံရွာမှာ နေအိမ် ၄ လုံးကို စစ်တပ်ကမီးရှို့၊ ပစ်ခတ်မှုတွေ လုပ်လို့ အမျိုးသမီးတဦး ကျည်ထိ

မုံရွာမှာ နေအိမ် ၄ လုံးကို စစ်တပ်ကမီးရှို့၊ ပစ်ခတ်မှုတွေ လုပ်လို့ အမျိုးသမီးတဦး ကျည်ထိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာက နေအိမ် ၄ လုံံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ 

ဇွန်လ ၁၂ ရက် ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ညောင်ပင်သာရွာထဲကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“စခတွေက မုံရွာမြို့ဝင်မုခ်ပေါက် မအူဂိတ်ကနေ လာတာပါ။ လက်ရှိရွာသားတွေတော့ တခြားရွာဘက်မှာ ရှောင်နေကြတယ်။ ညောင်ပင်သာရွာက အိမ်ခြေ ၇၀ နီးပါးရှိတာပါ။ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ပါ” လို့ ပြောပါတယ်။ 

ဒါ့အပြင် ရွာထဲကိုဝင်လာချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတဦးရဲ့ ခြေထောက်ကို ကျည်ထိမှန်ခဲ့ပြီး လက်ရှိမှာတော့ သူ့ကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။  

စစ်ကောင်စီတပ်တွေဟာ ဒီညနေ ၃ နာရီခွဲလောက်မှ ရွာထဲကနေ လက်နက်တွေပစ်ခတ်ပြီး မုံရွာမြို့ပေါ်ရှိ ကားကြီးကွင်းဘက်ကို ပြန်ထွက်ခွာသွားခဲ့ကာ အဲ့ဒီအချိန်ကစပြီး မုံရွာမြို့ပေါ်က ပြည်သူတွေကို အပြင်မထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်လို့လည်း သိရပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #ညောင်ပင်သာရွာ #စစ်ကောင်စီ #နေအိမ်မီးရှို့  #ဒေသခံအမျိုးသမီး #ကျည်ထိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10