မုံရွာမှာ PDF တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်း ဝင်အစီးခံရလို့ သိန်း ၈၀ ခန့်ဆုံးရှုံး

မုံရွာမှာ PDF တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်း ဝင်အစီးခံရလို့ သိန်း ၈၀ ခန့်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ Area 71 PDF တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ် ရေးစခန်းကို ဖေဖော်ဝါရီလ ၂၈ နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခံလိုက်ရတယ်လို့ Area 71 People Defence Force တပ်ဖွဲ့စီက သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်သား အင်အား ၅၀ ကျော် မနက် ၆ နာရီခန့်မှာ စစ်ကြောင်းထိုး စီးနင်းခဲ့တာဖြစ်ပြီး ကာလတန်ဖိုး သိန်း ၈၀ ခန့် မီးရှို့ဖျက်စီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

 

"ကင်းထောက်တွေရှိတော့ ရဲဘော်တွေ ထိခိုက်တာမရှိခဲ့ပါဘူး။ ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ၊ အဆောင်တွေ မီးရှို့ခံလိုက်ရတယ်။ သိန်း ၈၀ လောက်ဆုံးရှုံးခဲ့တယ်" လို့ Area 71 PDF သတင်းတာဝန်ခံက ပြောပါတယ်။

 

စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ် တွေနဲ့အဆက်မပြတ် ပစ်ခတ် ဝင်ရောက်စီး နင်းခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေးပိုင်းမှာ အသုံးပြုတဲ့ ယမ်းအိတ်တွေ၊ ဝရိန်စက်၊ ကျောက်စက်တွေနဲ့ လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

စခန်းစီးနင်းခံရချိန် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ စခန်းမှထွက်ခွာလာနိုင်ခဲ့ပြီး ဆုံးရှုံးမှုများအား ပြန်လည် ထူထောင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၄ နာရီခန့်ကလည်း  မုံရွာမြို့မှ ထွက်လာတဲ့ စစ်ကားသုံးစီးအား မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ Area 71 PDF တပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

 

စာတည်း-လင်းဇေ

#မြေလတ်အသံ

 

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စခန်း #PDF #လက်နက် #ထုတ်လုပ်စခန်း #မီးရှို့ဖျက်စီး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10