မုံရွာမှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကိုမောင်းလာတဲ့ စစ်ကား ၁၁ စီးပါ ယာဥ်တန်းကို မေလ ၂၈ ရက်ညနေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force Monywa - SGF တာဝန်ခံ ဗိုလ်မိုးZက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်း တနေရာမှာ မနေ့က ညနေ ၄ နာရီခွဲလောက်က ပဒေသာမိုင်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ အဲဒီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

"အထိအခိုက်တော့ သေချာမသိရဘူး။ ကျနော်တို့မြင်ရတာက ကားရပ်သွားပြီး လူချိန်းမောင်းသွားတယ်။ ကားထဲမှာလည် အော်သံတွေကြားနေရတယ်။ အတိအကျ ဘယ်နှစ်ယောက်ထိခိုက်တာကိုတော့ မပြောနိုင်ဘူး။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပစ်တဲ့ကားမှာတော့ ၁၀ ယောက်ကျော်လောက်ပါမယ်" လို့ တာဝန်ခံ ဗိုလ်မိုးZက ပြောပါတယ်။

မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ပါ ၈ မိနစ်ဝန်းကျင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း အဆိုပါ စစ်ကောင်စီယာဉ်တန်းဟာ  မုံရွာဘက်ကို ဆက်မောင်းသွားကြကာ ကာကွယ်ရေးအဖွဲ့တွေဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Speciap Guerrilla Force Monywa - SGFနဲ့ The Brightness-Monywa မုံရွာခရိုင်အမှတ် (၅) တပ်ရင်း A.S.F. တပ်ခွဲ ၁၊ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ရင်း ၆ တပ်ခွဲ ၂ စေတန် တို့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #မိုင်းဆွဲခံရ #စစ်ကောင်စီယာဉ်တန်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10