မုံရွာမှာ ပဒေသာမိုင်းဆွဲခံရတဲ့စစ်ကား ပျက်စီးပြီး ထိခိုက်သူတွေရှိဟုဆို

မုံရွာမှာ ပဒေသာမိုင်းဆွဲခံရတဲ့စစ်ကား ပျက်စီးပြီး ထိခိုက်သူတွေရှိဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ လမ်းကြောင်းသွားနေတဲ့ စစ်ကောင်စီကားတန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  စစ်ကားတစီးပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ Area71 People Defence Force တာဝန်ရှိသူတဦးဆီက သိရပါတယ်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ချောင်းဦးမြို့နယ်ဘက်ကို ထွက်လာတဲ့ အင်အား ၆၀ လောက်ပါ သံပြားကာစစ်ကား ၄ စီးကို မတ် ၂၀ ရက် မနေ့ ည ၁၀ နာရီလောက်မှာ မုံရွာ-ချောင်းဦးလမ်းပိုင်း မုံရွေးရွာအနီးမှာ ပဒေသာမိုင်း ၅ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

”မိုင်းထိတော့ တစီးက ပက်လက်လန်ပြီး တစီးက ထိုးရပ်သွားတာ။ ပက်လက်လန်တဲ့ ကားနဲ့ စစ်သားအချို့ ခုထိအဲအနားမှာ ရှိနေတုန်းပဲ” လို့ Area71 People Defence Force တာဝန်ရှိသူတဦးဆီက ပြောပါတယ်။

မိုင်းထိမှန်အပြီးမှာ စစ်ကောင်စီတပ်သားတွေရဲ့ အော်ဟစ်ညည်းညူသံတွေကြားရပြီး  လက်နက်ကြီးငယ်နဲ့ ပြန်လည်ပစ်ခတ်လို့ တိုက်ခိုက်‌ရေးရဲဘော်တွေ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတချို့ မုံရွေးရွာကို ဝင်‌ရောက်နေသလို မတ် ၂၁ ဒီမနက်အထိလည်း ကားမှောက်တဲ့နေရာကနေ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အဲဒီလမ်းပိုင်းမှာပဲ မုံရွာ တပ်မ ၃၃ ကနေ ထွက်လာတဲ့ သံပြားကာစစ်ကား ၅ စီးကိုလည်း မနေ့ ညနေ ၆ နာရီလောက်မှာ ၃ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်နဲ့  ၂ နေရာခွဲကာ တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အဲဒီတိုက်ခိုက်မှုကို Area71 Peoples Defense Force အဖွဲ့၊  ANYAR DEFENCE FORCE (ADF)၊ MONYWA DYNAMITE (STF)၊ SPCIAL FORCE -11 (PDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက် ည ၁၀ နာရီခွဲကျော်ကလည်း ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်ကောင်စီဂိတ်ကနေ ချောင်းဦး - မုံရွာလမ်းကနေ ထွက်လာတဲ့ စစ်သားတွေ တင်လာတဲ့ ကား ၂ စီးကိုလည်း လမ်းဘေးဝဲယာ  ၃ နေရာကနေ  ၅ လုံးတွဲ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - Area 71 မှ ရဲဘော်များ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10