မုံရွာမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေဆန္ဒပြ

မုံရွာမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မေလ ၁၆ ရက် ဒီနေ့ နေ့လယ် ၁ နာရီခန့်တွင် မုံရွာလူငယ်များအစည်းအရုံးလူငယ်တွေက လုံခြုံရေးတင်းကြပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။



မုံရွာလူငယ်များအစည်းအရုံးစာတန်းပါ ဗီနိုင်းနဲ့အတူ “ခေတ်သစ်ရောက်ဖို့ အာဏာရှင်မှန်သမျှမောင်းထုတ်စို့” စာသားတွေရေးထားတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို မြို့ပေါ်ဈေးတခုမှာဖြန့်ဝေပြီး မုံရွာအကျဉ်းထောင်ရှေ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို ဖြန့်ကြဲခဲ့တယ်လို့ မုံရွာလူငယ်အစည်းရုံးအဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။




#မြေလတ်အသံ

#မုံရွာ #မုံရွာလူငယ်များအစည်းအရုံး #လူငယ်တွေဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10