မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့မှာ လုံခြုံရေးအတွက် စစ်ဆေးရေးလုပ်နေတဲ့ဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ TLWDF အဖွဲ့က တိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရပြီး MA.3 သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့-TLWDF ထံက သိရပါတယ်။

မုံရွာမြို့ပေါ် ခမရ (၁၆) တပ်ရင်းနားမှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်သားတွေကို ပြောက်ကျားစနစ်နဲ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး MA.3 အမျိုးစား သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။

"မစ်ရှင်လုပ်တဲ့အချိန်မှာ စစ်သား ၂ ဦးပဲရှိတယ်။ တယောက်က လက်မောင်းအုံကို ထိတယ်။ တယောက်က ဗိုက်နဲ့ခြေထောက်ကိုထိတယ်။ သေဆုံးတာ မရှိပါဘူး" လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ဒဏ်ရာရပြီး လဲကျသွားတဲ့ စစ်သား ၂ ဦးဟာ ပြန်လည်ခုခံနိုင်ခြင်း မရှိတော့တာကြောင့် သူတို့ကို မသတ်တော့ဘဲ သေနတ်ကိုသာ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ပြန်လည်မခုခံနိုင်တဲ့ ရန်သူတွေကိုတော့ မသတ်ပါဘူး။ စစ်သားပီပီသသပဲ စစ်ကိုတိုက်တယ်။ အခုအခြေအနေ ကလည်း သူတို့ဘက်က ဘာမှကို ပြန်မခုခံနိုင်ဘူး” လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြော ပါတယ်။ 

အခုလိုတိုက်ခိုက်မှုကို သလ္လာဝတီကာကွယ် ရေးတပ်ဖွဲ့ - TLWDFနဲ့ Monywa M4 တပ်ဖွဲ့က ရဲဘော်တွေပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၃ ရက်ကလည်း မုံရွာအမြောက်တပ် ၅၀၈ မှ သာစည်ကျေးရွာသို့ ထွက်ခွာလာတဲ့  စစ်ကြောင်းကို တိုက်ခိုက်ရ စစ်သား ၁ ဦးသေဆုံးပြီး MA1 သေနတ် ၁ လက်၊ ကျည်ဆန် ၂၀၀ ကျော် သိမ်းဆည်း ရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ-ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီထံက သိမ်းဆည်းရခဲ့တဲ့ သေနတ် ၂ လက်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #လုံခြုံရေးတပ်ဖွဲ့ #ဒဏ်ရာရ #ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #လက်နက် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10