မုံရွာလူထုသပိတ် ၂ နှစ်ပြည့်အဖြစ် မြို့အဝင်မုဒ်ဦးရှေ့ စုပေါင်းချီတက်ဆန္ဒပြ

မုံရွာလူထုသပိတ် ၂ နှစ်ပြည့်အဖြစ် မြို့အဝင်မုဒ်ဦးရှေ့ စုပေါင်းချီတက်ဆန္ဒပြ

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အဖြစ် မုံရွာမြို့အဝင် မုဒ်ဦးရှေ့မှာ ဒီနေ့ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ အင်အားအများအပြားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“ဒီကနေ့ဟာ ကျနော်တို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ၂ နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ မုံရွာမြို့လမ်းမထက်ကို ချီတက်ပြီး “(၂)နှစ်ပြည့်မှသည် ရှေ့သို့ချီ စုပေါင်းအားနှင့် ရုန်းကြမည်" ဆိုတဲ့ စာသားနဲ့အတူ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

အဆိုပါသပိတ်စစ်ကြောင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ ဟစ်ကြွေးပြီး လမ်းမတလျောက် ချီတက်သပိတ်မှောက်ခဲ့ကြသလို ၂ နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ရသူတွေ၊ မတရားဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေနဲ့အတူ၊ မလွတ်မြောက်သေးတဲ့ သူတွေအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

၂ နှစ်တာကာလအတွင်း ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ကာ လူထုလုပ်ရှားမှုတွေ အားကောင်းလာစေဖို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်မျှော်ရည်မှန်းချက်တို့အတွက် ပြည်သူတွေ ပါဝင်လာနိုင်ရေးတို့ကို တစိုက်မတ်မတ် ကြိုး‌စားဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်လျက် ရှိသလို ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကာ အတူချီတက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10