မုံရွာ သက္ကယ်ကျင်းရွာက မီးဘေးသင့်အိမ်ထောင်စု ၄၀၀ ကို S&C အဖွဲ့က သိန်း ၈၀ ကျော် ရိက္ခာထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေကို S&C အဖွဲ့က မတ် ၂၃ ရက်က ရိက္ခာတချို့ ထောက်ပံ့ပေးခဲ့တယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က စစ်တပ်ဘက်က စစ်ကြောင်းထိုးကာ သက္ကယ်ကျင်းရွာထဲကို သေနတ်တွေပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ရာ မီးဘေးသင့်ခဲ့ရပြီး စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

အခုလို မီးဘေးသင့်ပြည်သူတွေကို ထောက်ပံရာမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ရိက္ခာတချို့ ဝယ်ယူပြီး မီးဘေးသင့် အိမ်ထောင်စု ၄၀၀ ကို ပထမဦးဆုံး ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြည်၊ အသားတု ၁၀ သားစီဖြင့် မျှဝေပေးခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၀၀ အတွက် ဆန်အိတ် ၇၅ အိတ်၊ အသားတုပိဿ ၃၀ ကို တန်ဘိုး ကျပ်သိန်း ၈၀ ကျော်ကုန်ကျကာ ထောက်ပံ့ပေးခဲ့တာလို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

မီးဘေးသင့်အိမ်ထောင်စု ၆၀ ခန့် ထောက်ပံ့ပေးဖို့ ကျန်ရှိနေတာကို ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်သလို မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။

သက္ကယ်ကျင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ထောင်စုပေါင်း ၄၅၆ စု၊ ကျား ၇၂၆ ဦး၊ မ ၈၅၅ ဦး၊ စုစုပေါင်း မီးဘေးသင့် စစ်ရှောင်ဦးရေ ၁၅၈၁ ဦးရှိတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်ဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #မီးဘေးသင့်ပြည်သူ #S&C #ရိက္ခာထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10