မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့က ဦးဆောင်ပြီး ၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်သပိတ်ပြုလုပ်

မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့က ဦးဆောင်ပြီး ၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့က ဦးဆောင်ပြီး ၃၅ နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်သပိတ်ကို သြဂုတ် ၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲကနေ ၉ နာရီအထိ ကျင်းပခဲ့တယ်လို့ သပိတ်အဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါသပိတ်ပွဲမှာ ခေတ်အဆက်ဆက်က အမြစ်မပြတ်နိုင်သေးတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို နွေဦးတော်လှန်ရေးမှာ အပြီးတိုင်ဖယ်ရှားပစ်ဖို့ လိုအပ်ကြောင်းနဲ့ အာဏာရှင်တွေဟာ လူပုဂ္ဂိုလ်သာပြောင်းလဲသွားမယ့ ပြည်သူအပေါ်အကြမ်းဖက်မှု၊ ပိတ်ပင်တားဆီးမှုတွေ စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်တာချင်းကတော့ တူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ မပြီးပြတ်သေးတဲ့ သွေးကြွေးဟောင်းနဲ့ သွေးကြွေးအသစ်တွေအတွက် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်ကြဖို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီအဖွဲ့က နှိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #မုံရွာအမြင့်လမ်းသပိတ်အဖွဲ့ #၃၅နှစ်ပြည့် #ရှစ်လေးလုံး #သတင်း #သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10