မုံရွာ၊ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်းက တပ်သားတဦး လက်နက်နဲ့ အလင်းဝင်

မုံရွာ၊ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်းက တပ်သားတဦး လက်နက်နဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာချုပ်။ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်းက တပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တယ်လို့ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သား ထွန်းကိုကိုနိုင်ဟာ မေ ၁၅ ရက် မနက် ၈ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်ဖို့ချိတ်ဆက်လာပြီး အဲဒီနေ့ပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ခေါ်ဆောင်ခဲ့ပြီး နေ့လယ် ၁၂ နာရီလောက်မှာ စခန်းကိုရောက်ရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့လုံခြုံရေး(ပလဖ)မှ စခန်းတာဝန်ခံတဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်သား ထွန်းကိုကိုနိုင်ဟာ စခန်းထဲကနေ MA 1 သေနတ် ၁လက် နဲ့ ကျည် ၆၃ တောင့်ယူဆောင်လာခဲ့တဲ့အတွက် ရေဦးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဆုချီးမြှင့်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မုံရွာနမခထဲမှာနေထိုင်တဲ့ သူရဲ့ အမျိုးသမီးနဲ့ သားကိုလည်း အန္တရာယ်ဖြစ်မှာဆိုးတဲ့အတွက် အဲဒီနေ့ညနေမှာပဲ အဆင်ပြေတဲ့ ကားတစီးနဲ့ ထွက်လာခိုင်းပြီး ညနေ ၆ နာရီလောက်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ စခန်းကို ရောက်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုထွန်းကိုကိုနိုင်က “ ကျနော်စစ်တပ်ကို မကြိုက်တော့လို့ နောက်ပိုင်းလုပ်ဆောင်မှုတွေကိုလည်း မကြိုက်တော့ဘူး။ အဓိက က အဖွဲ့အစည်း စည်းလုံးညီညွတ်မှုလည်း မရှိတော့ဘူး။ ကြီးနိုင်ငယ်ညှင်းတွေလည်း လုပ်လာတယ်။ CDM မလုပ်သေးတဲ့ သူတွေကိုလည်း ကြိုဆိုပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကိုထွန်းကိုကိုနိုင်ဟာ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ကူညီနိုင်တာတွေကို ဆက်လက်ကူညီးပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရေးဦးပလဖတပ်ဖွဲ့တွေဆီကိုလည်း အခုလို အလင်းဝင်ရောက်တာ ၂ ဦးရှိပြီး ၁ ဦးကတော့ လက်နက်မပါဘူးလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #အနောက်မြောက်တိုင်းစစ်ဌာချုပ် #ရေဦးမြို့ #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10