သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ချောင်းဦးမြို့ကြားမှာ စစ်ကောင်စီရဲ့ စစ်ကားတစီးကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က သေဆုံးမှုရှိတယ်လို့ AERA 71 PEOPLE DEFENCE MONYWA သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမြို့ကနေ ချောင်းဦးဘက်ကို စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်လိုက်ပါလာတဲ့ စစ်ကားတစီးကို ဧပြီ ၂၂ ရက် ည ၉ နာရီခွဲလောက်မှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မုံရွေး - ကြေးမုံရွာအနီးကနေ မိုင်းဆွဲလိုက်တာမှာ ကားက အတော်ပျက်စီးသွားပြီး ထိုးရပ်သွားတာ။ သေကြေ ထိခိုက်သူတွေလည်း များနိုင်တယ်” လို့ AERA 71 PEOPLE DEFENCE MONYWA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ THEO က ပြောပါတယ်။
မိုင်းထိမှန်တဲ့ ကားကို စစ်ကောင်စီတပ်က မနေ့ည သန်းခေါင်ယံချိန်လောက်မှာ သုံးမိုင်ခန့်အကွာက စွမ်းရည်ထက် စက်သုံးဆီဆိုင်သို့ အရပ်ကားတစီးနဲ့ ဆွဲယူသွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကား မိုင်းထိခဲ့တဲ့အတွက် ကားပေါ်ပါ စစ်သားတွေဟာ မုံရွေး - ကြေးမုံရွာထဲကို ဝင်ရောက်သွားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းထိမှန်တဲ့ကားဟာ ဧပြီ ၂၃ ရက် ဒီမနက်အထိ မုံရွာ - ချောင်းဦးလမ်းပေါ်က စွမ်းရည်ထက် စက်သုံးဆီဆိုင်မှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို AERA 71 PDF MONYWA ၊ ANYAR DEFENCE FORCE (ADF) နဲ့ မုံရွာခရိုင် တပ်ရင်း ၈ PDF တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
AERA 71 PDF MONYWA နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ဘက် မောင်းလာတဲ့ စစ်ကောင်စီကားကို ချောင်းဦး - မုံရွာ လမ်းပိုင်း တနေရာကနေ တိုက်ခိုက်ခဲ့ပါ သေးတယ်။
ပုံစာ - AERA 71 PDF MONYWA ရဲ့ တပ်ဖွဲ့ဝင်များ။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ချောင်းဦး #စစ်ကောင်စီ #စစ်ကား #မိုင်းဆွဲ #AERA71 #ADF
Share Share Share