မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်

မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် ဒီမနက် ၉ နာရီခန့်မှာ ဝင်ရောက်စီးနင်းပြီး ရွာခံအမျိုး သား ၁၁ ဦး ဖမ်းဆီးပြီးနောက် အရှင်မီးရှို့သတ်သွားတယ်လို့ မုံရွာဒေသခံတွေထံက သိရပါတယ်။

“ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။  ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးရှို့အသတ်ခံရသူတွေဟာ ကိုစိုးမိုးသူ (၂၉) နှစ်၊ ကိုစိရွှေ (၄၃) နှစ်၊ ချမ်းငြိမ်း (၂၉) နှစ်၊ ကိုပါလေရာ(၃၇) နှစ်၊ ဆန်းဝင်း (၅၃) နှစ်၊ ကိုငဒိုး (၃၈) နှစ်၊ ကိုလှိုင်ဝင်း (၃၉)နှစ်၊ ကိုထွန်းထွန်း (၂၀) နှစ်၊ ကိုလှိုင်သူရ (၂၃) နှစ်၊ ကိုထွန်းခင် (၄၃)နှစ်နဲ့ ကျန်စိစစ်ဆဲ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး သူတို့ကို ကျေးရွာထဲမှာပဲ ဖမ်းဆီးထားပြီးနောက် မီးရှို့သတ်ခဲ့တာလို့ ဆိုပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေဟာ ကြာပိုင်ရွာခံအမျိုးသား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားသလို နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။

စစ်အုပ်စုဟာ ကြာပိုင်ရွာမှာ မီးရှို့သတ်ဖြတ်မှုတွေ လုပ်ပြီးတဲ့နောက် နေ့လယ် ၁၂ နာရီခန့်မှာ ပြန်ထွက်သွားပြီး တောပုရွာကို ပြန်ဝင်သွားလို့ ညနေ ၃ နာရီခန့်မှာ ကျေးရွာတွေထဲ  ဒေသခံတွေပြန်ဝင်ချိန် သတ်ဖြတ်ခံရမှုတွေကို မြင်တွေ့ရတာလို့ ဆိုပါတယ်။

ရွာခံတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

 

- မီးရှို့သတ်ခံထားရတဲ့ ဒေသခံတွေရဲ့ သတင်းဓါတ်ပုံတွေကို မြေလတ်အသံရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ 

#မုံရွာ #ကြာပိုင်ရွာ #ဒေသခံ #အမျိုးသား ၁၁ ဦး #မီးရှို့အသတ်ခံရ #အစုလိုက် #သတ်ဖြတ်မှု #စစ်ကောင်စီတပ် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10