မုံရွာ-ပုသိမ်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မုံရွာ-ပုသိမ်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ် ၂ စီးကို ဇွန်လ ၂၂ ရက် မနက် ၁၀ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Union Liberation Front - ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ဆီကသိရပါတယ်။

စစ်ကောင်စီ အင်အား ၂၀ နီးပါးနဲ့ စီးနင်းလိုက်ပါလာတဲ့ယာဉ် ၂ စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဆားလင်းကြီးမြို့နယ်၊ မုံရွာ − ပုသိမ်ကားလမ်းမ တောင်ဘက်တနေရာ အရောက်မှာ စလစ်မိုင်း ၂ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ဘယ်နေရာမှာမိုင်းဆွဲလဲ ဆိုတာကိုတော့ ပြောပြလို့မရပါဘူး။ ထိခိုက်မှုတွေတော့ရှိနိုင်တယ်။ ကျနော်တို့စုံစမ်းနေတုန်းပါ။ မိုင်းဆွဲလိုက်တော့ ပထမ ကားတစီးကို ထိသွားတယ်။ ကားမိုင်းထိပြီ မသေတဲ့သူတွေက လက်နက်ငယ်တွေနဲ့ ရမ်းပစ်တယ်” လို့ Union Liberation Front တာဝန်ခံ ကို AT က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ဒဏ်ရာရ၊ သေဆုံးမှုကိုတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

မိုင်းဆွဲခံရပြီနောက် အဲဒီစစ်ကောင်စီယာဉ် ၂ စီးဟာ မုံရွာ နမခဘက်ကို ပြန်လည်မောင်းနှင်သွားပြီး ဒီနေ့ ဇွန်လ ၂၄ ရက် မနက်အချိန်ထိ မုံရွာ-ပုသိမ်လမ်းပိုင်းမှာ စစ်ကောင်စီ လှုပ်ရှားမှုတွေ ငြိမ်သက်နေတယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) ရဲ့အဖွဲ့ဝင်တွေ ဖြစ်တဲ့ Alpha Column စစ်ကြောင်းက ဦးဆောင်ပြီ၊ Triple Two Task Force၊ ချင်းတွင်းဂဠုန်ရာဇာ ၊ Monywa Truth of Force၊ YMB LPDF  နဲ့ ဒေသမဟာမိတ် မဲမှောင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုသိမ်_မုံရွာ #ဆားလင်းကြီး #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10