မောင်ကရင်ရဲ့ ပျောက်ဆုံးရက်စွဲများ (ရုပ်/သံ)

မိသားစုစားဝတ်နေရေး ကြပ်တည်းတာကြောင့် လူငယ်တယောက်ဟာ ၂၀၁၆ ခုနှစ်လောက်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့မှာနေကြတဲ့ သူငယ်ချင်းတွေနဲ့အတူ အခန်းငှားကာ ဟိုတယ်တခုမှာ စားပွဲထိုးလုပ်ပြီး သူ့ရဲ့ ဘဝတက်လမ်းအတွက် ရုန်းကန်နေခဲ့တာပါ။ 

ရန်ကုန်ရောက်ပြီး ၃ နှစ်အလွန် ၂၀၁၉ မှာတော့ ကိုဗစ်နိုင်တင်း ကပ်ဆိုးကြောင့် သူအလုပ်လုပ်နေတဲ့ ဟိုတယ်လည်း ပိတ်လိုက်ရလို့ မောင်ကရင်တယောက် ၆ လဝန်းကျင်လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါသေးတယ်။ 

နေ့တဒူဝကို ပင်ပင်ပန်းပန်း ရုန်းကန်နေတဲ့ လူငယ်တယောက် ဘဝတက်လမ်းအတွက် မွေးရပ်မြေကို သုံးနှစ် သုံးမိုးတိုင်တိုင် စွန့်ခွာခဲ့ပြီး ကိုဗစ်ကြောင့် ဘဝကို အသစ်ကပြန်စနေရတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းတာကို ထပ်ကြုံရပြန်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းတာ တလအကျော်မှာတော့ မောင်ကရင်ဟာ ကြံမ္မာဆိုး ကြီးတခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ 

#မြေလတ်အသံ

#ခြေတဘက် #ဆုံးရှုံး #နွေဦးတော်လှန်ရေး #မသန်စွမ်း #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10