မြင်းခြံက စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ လက်နက်နဲ့ကျည်အချို့ရရှိ

မြင်းခြံက စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ လက်နက်နဲ့ကျည်အချို့ရရှိ

မန္တလေးတိုင်း မြင်းခြံမြို့နယ်က စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနဲ့ ရဲ ၁ ဦး သေဆုံးပြီး သေနတ်နဲ့ ကျည်အချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့အရှေ့ဘက် ဆီမီးခုံ-နဖူးအိုင်လမ်း စာသင်ကျောင်းရှေ့က စစ်သား ၃ ဦးနဲ့ ရဲ ၁ ဦးရှိတဲ့ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကို  ဩဂုတ် ၇ ရက်မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။

အဲဂိတ်ကနေ ကားတွေ၊ ခရီးသွားတွေကို စစ်တယ်ဗျ။ ကျနော်တို့လည်း မောင်းလာတဲ့ဖောကားကို အစစ်ခံသလိုနဲ့ ရပ်ပေးပြီးမှ အပိုင်ပစ်တာမှာ စစ်**နှစ်ကောင်နဲ့ရဲ** တကောင်သေတာ” လို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသရဲ ကပြောပါတယ်။

ဝင်ရောက်ပစ်ခတ်ချိန်မှာ စာသင်ကျောင်းအတွင်းရောက်နေတဲ့ စစ်သားတဦးက အဆက်မပြတ် သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် G3 သေနတ် ၁ လက်၊ ကျည် ၁၉ တောင့် နဲ့ ဖုန်း ၁ လုံးကိုသိမ်းပြီး ပြန်ဆုတ်လာခဲ့ရတယ်လို့  သူက ဆက်ပြောပါတယ်။

သေဆုံးတဲ့ အလောင်းတွေကို စစ်အုပ်စုဘက်က အဲ့ဒီမနက်မှာပဲ ဆီးမီးခုံမြစ်ကမ်းဘေး သုဿန်မှာ သင်္ဂြိုဟ်ပြီး ဂိတ်ကိုတော့ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)နဲ့ Aung San’s Blood Civillian Defense Force( ASBCD)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)နဲ့ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ အိုင်းမရွာအုပ်ချုပ်ရေးမှူး ဇော်မင်းမိုးကို တိုက်ခိုက်ပြီး သူကိုင်ဆောင်တဲ့ ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည် ၄၃ တောင့်ကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။

 

ပုံစာ - သိမ်းဆည်းခဲ့တဲ့ သေနတ်နဲ့ ကျည်အချို့။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်ကောင်စီဂိတ် #တိုက်ခိုက်ခံရ #လက်နက်ရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10