မြင်းခြံက တပ်ပြန်ရုပ်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေ

မြင်းခြံက တပ်ပြန်ရုပ်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF ဆီက သိရပါတယ်။ 

နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ မြင်းခြံမြို့နယ်၊ ညောင်တိုရွာကနေ တပ်ပြန်ရုပ်ပြီး အင်အား ၃၀ ဦးလောက်နဲ့ တလုပ်မြို့ထဲပြန်လာချိန် ကိုင်းကျေးရွာ တာဘောင်ပေါ်ကနေ မိုင်း ၁၀ လုံးနဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲလိုက်တော့ စစ်** ၄ ကောင်လုံး နေရာမှာပဲ ပြန်ထမလာတော့ဘူး။ တုံးလုံးပက်လက် ဖြစ်ကုန်တာ” လို့ နောင်ရိုး အထူးပြောက်ကျားတပ်မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

သေဆုံးတဲ့အလောင်းတွေကို စစ်အုပ်စုဘက်က တလုပ်မြို့ဘက်ကို ဖောကားနဲ့ ပြန်သယ်သွားတာကို ကင်းထောက်တွေဆီက ပြန်ကြားရတယ်လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။ 

စစ်အုပ်စုက အလောင်းကိုလာသယ်ချိန်မှာလည်း အနီးဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်တာတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို  မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း Taloke - PDF၊ Myin Gyan MP - 9နဲ့ ရွှေဂျိုးဖြူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

နောင်ရိုးအထူးပြောက်ကျားတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ရန္တပိုရွာက စစ်ကောင်စီစခန်းတခုကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - နောင်ရိုးအထူးပြောက်ကျားတပ်အားတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံမြို့နယ် #ညောင်တိုရွာ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #နောင်ရိုးအထူးပြောက်ကျားတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10