မြင်းခြံနဲ့ မလှိုင်နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိဟုဆို

မြင်းခြံနဲ့ မလှိုင်နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိဟုဆို

မြင်းခြံနဲ့ မလှိုင်နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိဟုဆို
မြေလတ်အသံ၊ ဇွန် ၇၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်နဲ့ မလှိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ တလုပ်မြို့ကနေ ဆိုင်ကယ် ၃ စီးနဲ့ပြန်လာတဲ့ စစ်သား ၆ ဦးကို ဆင်းဂွတ်ရွာနဲ့ တောပုရွာကြားမှာ ဇွန်လ ၆ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၆ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်သားတွေက ကတောရွာကနေ လတလုပ်မြို့ဘက်ကိုပြန်လာတာ တစီးနဲ့တစီးက သိပ်မကွာဘဲ မိုင်ကွင်းထဲဝင်လာတာမှာဆွဲလိုက်တာ တစီးကလမ်းဘေးထိုးကျပြီးလဲသွားတယ် ၂ စီးကတော့ထိတယ်မလဲဘူး " လို့ မြင်းခြံခရိုင်တပ်ရင်း -၆ နောင်ရိုးအထူးပြောက်ကျားတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးဒဏ်သူတွေကို Light Truck ကားနဲ့ တလုပ်မြို့ကို သယ်ဆောင်သွားတယ် လို့သိရပြီး နောင်ရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်သား ၃ ဦးသေပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြိုနယ်၊ သရက်ကောင်းပင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့စစ်ကောင်စီစခန်းကို ဇွန်လ ၅ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDF အဖွဲ့ထံက သိရပါတယ်။

"အဲ့ရွာမှာရှိတဲ့ အုပ်ကြီးနဲ့စစ်သားတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ ဆက်ကြေးကောက်တာတွေလုပ်နေလို့တိုက်တာပါ။ နေ့လည်ပိုင်းက ထမင်းစားဆောင်ကိုတိုက်တော့ ၅ ယောက်သေတယ်။ ညနေပိုင်းမှာ စစ်ဆေးရေးဂိတ်ကို ထပ်တိုက်တယ်။ စစ်သား ၃ ယောက်သေတယ်" လို့ (NPDF)တာဝန်ခံ ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။

ယင်းနေ့လည် ၁ နာရီမှာ စစ်ကောင်စီတပ်ရဲ့ ထမင်းစားဆောင်ကို အီနာဂါဗုံး ၂ လုံးနဲ့ကြဲချခဲ့ပြီး၊ ညနေ ၄ နာရီလောက်မှာ မလှိုင်-နွားထိုးကြီးလမ်းပေါ်က စစ်ဆေးရေးဂိတ်ကို ဗုံးတလုံးနဲ့ တရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီလို မြင်းခြံမြို့နယ်ထဲက တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၆ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF၊ မြင်းခြံခရိုင် Taloke PDF၊ Myingyan MP 9 ၊ MS 9 Brother တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၊ စစ်ကောင်စီစခန်း တိုက်ခိုက်မှုကိုတော့  Myingyan District Drone Strike Team အဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၊ Natogyi People Defence Force(NPDF) တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စာရင်းအတိအကျကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

 

စောကျော်ငြိမ်း၊ စာတည်း - 007

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ #မလှိုင် #စစ်ကောင်စီ #ဒရုန်း #ဆွဲမိုင်း #PDF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10