သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့စစ်အုပ်စုကို ဇန်နဝါရီလ ၂၅ ရက်ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကြားတပ်ဖွဲ့ − NYSGF က သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံမြို့နယ်၊ ဆီးမီးခုံနယ်မြေစာသင်ကျောင်းထဲမှာတပ်စွဲထားတဲ့ စစ်သားနဲ့ရဲ ၁၀ ဦးလောက်က ဆီးမီးခုံ - နဖူးအိုင်လမ်းမှာကင်းလှည့်နေချိန် ည ၈ နာရီခွဲကျော်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
"ဆီမီးခုံအရှေ့ဘက်ကို ဆိုင်ကယ်နဲ့ကင်းလှည့်လာတာကို မိုင်း ၇ လုံးနဲ့ ဆွဲခဲ့တာ။ ဆိုင်ကယ် ၄ စီးက မိုင်းကွင်းထဲမိသွားတယ်၊ နောက်ဆုံးတစီးကလွတ်တော့ ဆိုင်ကယ်ပေါ်က ၂ ယောက်ဆင်းပြီး ရမ်းပစ်သေးတယ်"လို့ နောင်ရိုးအဖွဲ့ NYSGFမှ သတင်းတာဝန်ခံက ပြောပါတယ်။
အသင့်စောင့်ကြိုမိုင်းဆွဲတဲ့နေရာဟာ ကျေးရွာအနီးမှာဖြစ်ပေမယ့် စစ်အုပ်စုက ရွာသားတွေကို ပြဿနာရှာတာမျိုးတော့မလုပ်ပဲ အလောင်းတွေကိုတော့ ဆီးမီးခုံဘက်ကိုသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ရဲသား ၄ ဦးနဲ့ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး၊ ည ၁၁ နာရီကျော်လောက်မှာ အလောင်းတွေကို သယ်ဆောင်သွားကြောင်း သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုမှာ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFနဲ့ 27 Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ရေးရဲဘော်တွေအန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၇ ရက်ညနေ ၄ နာရီခွဲလောက်ကလည်း မြောင်မြို့နယ်၊ ပန်းညိုရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နောင်ရိုးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းမဟာမိတ်တွေကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share