မြင်းခြံမှာ စစ်ကောင်စီတပ်က ချောဆွဲစီးနင်းလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်

မြင်းခြံမှာ စစ်ကောင်စီတပ်က ချောဆွဲစီးနင်းလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ မေ ၇ ရက် မနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၂၀ ကျော်လိုက်ပါလာတဲ့ ၆ ဘီးကားဟာ နဘူးအိုင်တိုက်နယ်ဘက်ကနေ မြင်းခြံဘက်ကိုမောင်းနှင်လာစဉ် စျေးကုန်းရပ်အနီးမှာ ၄ လုံးတွဲ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ လဂွန်းအိမ်က မြေလတ်အသံကို ပြောပါတယ်။


"စကစတွေ ချောဆွဲလာတဲ့ကားကို သတင်းရလို့ကြိုစောင့်နေတာ။ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ပြီးတာနဲ့ ပြန်ဆုတ်ခဲ့တယ်။ ၄ ဦးသေဆုံးပါတယ်။ ဒဏ်ရာရအရေအတွက်ကို သေချာမသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်တပ်ချောဆွဲလာတဲ့ ၆ ဘီးကားကို ပေါက်ကွဲအားပြင်းတဲ့မိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဖောက်ခွဲမှုကြောင့် ကားထိုးရပ်သွားကာ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဧပြီ ၂၂ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ကျောက်ကန်(ပျူ)ရွာမှာ တပ်စွဲအထိုင်ချပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေကိုလည်း မိုင်းထောင် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10