မြင်းခြံမှာ စစ်တပ်က‌ နေအိမ် ၂၅၀ ကို မီးရှို့ပြီး အရပ်သား ၃ ဦးကို ပစ်သတ်

မြင်းခြံမှာ စစ်တပ်က‌ နေအိမ် ၂၅၀ ကို မီးရှို့ပြီး အရပ်သား ၃ ဦးကို ပစ်သတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာတရွာက အိမ်ခြေ ၂၅၀ ကို စစ်ကောင်စီတပ်က ဧပြီ ၈ ရက် ဒီမနက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မြင်းခြံမြို့နယ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရသာရွာကို မနက် ၇ နာရီလောက်က မြင်းခြံမြို့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ လောက်က ကား ၃ စီးနဲ့လာကာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

မီးရှို့ခဲ့တာကြောင့် လူနေအိမ်ခြေ ၂၅၀ ဝန်းကျင် ပျက်စီးပြီး သေနတ်နဲ့ပစ်သတ်ခဲ့လို့ ရသာရွာမှ အမျိုးသားတဦးနဲ့ ဖရင်းရွာက သားအဖ နှစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

 “ဘာတိုက်ပွဲမှ မရှိဘဲ ရသာရွာသားတွေကို ရွာပြင်ထွက်ခိုင်းပြီးမှ မီးရှို့သွားတာ။ သေဆုံးသူက ကြောက်ပြီး ထွက်ပြေးလို့ဆိုပြီး ပစ်သတ်တာ“ လို့  ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ရသာရွာသားအမျိုးသားရဲ့အလောင်းကို ရွာထဲမှာ တွေခဲ့တာဖြစ်သလို ဖရင်းရွာက သားအဖအလောင်းကိုတော့ ရသာရွာအဝင်မှာ တွေ့ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ မီးရှို့အပြီး မြင်းခြံမြို့ဘက်ကို ပြန်သွားလို့ သေဆုံးတဲ့ အလောင်းတွေကို ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာပဲ မိသားစုတွေက သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကတော့ မြင်းခြံမြို့နယ် သရက်ချိုပင်ရွာနဲ့ မိုးထောင်ရွာကြားကို ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံ - မီးလောင်မှုမြင်ကွင်းနှင့် သေဆုံးသူတို့အလောင်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း  #မြင်းခြံမြို့နယ် #ရသာရွာ #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10