မြင်းခြံမှာ စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တွေပါသိမ်းဆည်း

မြင်းခြံမှာ စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တွေပါသိမ်းဆည်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က စစ်သား ၂ ဦးကို လမ်းကနေစောင့်ကြိုက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တောင့်တွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံမြို့နယ်၊ ကြည်ရွာကနေ ဆီမီးခုံမြို့ကို ဆိုင်ကယ်နဲ့မောင်းလာချိန် ဇွန်လ ၁၀ ရက်မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ လမ်းပိုင်းတနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့ကိုပစ်ပြီး စက်လှေနဲ့ ဧရာဝတီမြစ်ကိုဖြတ်ပြီး ကူးပြေးရတော့ Scoopy (စကူပီ)ဆိုင်ကယ်ကို တောင်မသယ်နိုင်ဘူး။ ၂ ယောက်စလုံး အရပ်ဝတ်တွေနဲ့လာတာ။ ၂ ယောက်ကိုမှ သေနတ်တလက်တည်းပါတာ၊ နေရာမှာ ပွဲချင်းပြီးပဲ" လို့ နောင်ရိုးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးစစ်သားတွေဆီကနေ MA 1 တလက်၊ 5.56 ကျည် ၁၆ တောင့်နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ အလောင်းတွေကိုတော့ စစ်ကောင်စီတပ်သားတွေက ဆီးမီးခုံမြို့ကို ကားနဲ့လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။
 
ဇွန် ၁၁ ရက်ဒီနေ့မနက်မှာတော့ ကြည်ရွာကို ဆုံရွာကပျုစောထီးတွေ ကားကြီး ၁ စီးနဲ့ အပြည့် ရောက်လာသလို ဆီမီးခုံမြို့ထဲက စစ်သားတွေလည်း ဆိုင်ကယ် ၅ စီးနဲ့ အင်အားသွားဖြည့်တယ်လို့ ဆိုပါတယ်။
 
အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၆ တပ်ခွဲ ၁၊ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF မှ ရဲဘော်တွေက ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။။
 
စာတည်း - လင်း
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10