မြင်းခြံမှာ လက်နက်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်သတ်ခံရ

မြင်းခြံမှာ လက်နက်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူနဲ့ နောက်လိုက်တဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်၊ ကျည်၊ လက်ပစ်ဗုံးတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့၊ အမှတ် ၁၈ ရက်ကွက်၊ ဘောလုံးကွင်းအနီးလမ်းပေါ်မှာ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းနဲ့ နောက်လိုက်အမျိုးသားတဦးတို့ရှိနေချိန် မေ ၁၀ ရက် ညနေ ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။” လို့  တိုက်ခိုက်ရာမှာ ပါဝင်တဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် MA 1 ၁  လက်၊ ကျည် ၃၀ တောင့်၊ ပြည်သူ့စစ်ကဒ်နဲ့ ငွေသားအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲမင်းဆိုသူဟာ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ် ၂ ယောက်တွဲစီးသူတွေကို ဖမ်းဆီးကာ ပါးရိုက်သူအဖြစ် သတင်းကျော်ဇောသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force နဲ့ ပြည်ချစ်သားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီး လက်ဖက်ရည်ဆိုင်အနီးဝန်းကျင်ကို စစ်ကောင်စီအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ၅ ရက် ည ၉ နာရီခွဲလောက်ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာမှာ အထိုင်ချနေတဲ့စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းခဲ့သည့် ပစ္စည်းအချို့ကိုတွေ့ရစဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မြင်းခြံ #ပြည်သူ့စစ် #ကာကွယ်ရေးတပ် #သတ်ဖြတ် #ပစ္စည်းသိမ်း #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10