သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြင်းခြံ-တောင်သာနဲ့ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိနဲ့သွားလာဖို့ Freedom Fighter Guerrilla Force (FFGF) မြင်းခြံက သြဂုတ် ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Freedom Fighter Guerrilla Force (FFGF) မြင်းခြံအဖွဲ့ရဲ့တာဝန်ရှိသူတဦးကတော့ " အခုကာလက Operation(စစ်ဆင်ရေး)ကာလ ဖြစ်တယ်။ ပြည်သူတွေအချို့က အသွားအလာကန့်သတ်ရင် သိပ်ပြီး မလိုက်နာကြဘူး။ အဲဒါကြောင့် သတိပေးချက် ထုတ်ပြန်ရတာပါ။ ကျနော်တို့ပြောတဲ့ နေရာတွေမှာ အချိန်မရွေး တိုက်ပွဲက ဖြစ်ပေါ်နိုင်တယ်" လို့ ပြောပါတယ်။
စစ်ကောင်စီက မနေ့က မြင်းခြံမြို့နယ်တွင်းရှိ ကျေးရွာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့လို နေအိမ်တချို့ပျက်စီးပြီ အမျိုးသား၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Freedom Fighter Guerrilla Force (FFGF)မြင်းခြံထံ က သိရပါတယ်။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးစတဲ့မြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်းနဲ့ နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။
စာတည် - လင်းဇေ
#မြေလတ်အသံ
#မြင်းခြံ #တောင်သာ #နွားထိုးကြီး #သတိပေးချက်
Share Share Share