မြင်းမူက စစ်အုပ်စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်က စစ်အုပ်စုစခန်းတခုကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Ghost Team Ranger ‌Myinmu (GTR- MMU) က သတင်းထုတ်ပြန်ထားပါတယ်။ 

ယမန်နေ့ညနေ ၄ နာရီခန့်က မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲမှာ စစ်အုပ်စုအင်အား ၄၀ လောက်နဲ့ အထိုင်ချနေတာကို ဒရုန်းနဲ့ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်ချိန်မှာ အပြင်မှာရောက်နေတဲ့ စစ်**တွေလည်းအဆောင်တွေထဲကို အလုအယက် ဝင်ပြေးသွားတာကိုမြင်ရတယ်လို့ GTR - MMUရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

စစ်အုပ်စုဟာ ဒဏ်ရာရသူတွေကို တပ်စွဲထားတဲ့စခန်းမှာပဲ ကုသတာများပြီး သေဆုံးမှုရှိပါက မြေမြှုပ်ဖျောက်ဖျက်ကြတယ်လို့ သူက ဆက်ပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ဒဏ်ရာရတာတွေရှိခဲ့လို့ လက်နက်ကြီးငယ်နဲ့ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေအန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ Ghost Team Ranger ‌ Myinmu (GTR - MMU)၊ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ Myinmu Defence Force(MMDF)၊ မြင်းခြံခရိုင်တပ်ရင်း ၆၊ Black Eagle Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂ ရက်ကလည်း Ghost Team Ranger ‌ Myinmu (GTR - MMU) နဲ့ မဟာမိတ်အဖွဲ့တွေက မြိုင်မြိုု့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းသီး ၁၃ လုံးချကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #စစ်ကောင်စီ #ဂိတ်စခန်း #စစ်ကိုင်းတိုင်း #မြင်းမူ #မြောင်လမ်းခွဲ #ဒရုန်းတိုက်ခိုက်မှု #ပကဖ #ပလဖ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10