မြင်းမူနဲ့ ချောင်းဦးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက စစ်သားတွေကို သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက် ၂ ရက်အတွင်း ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးတယ်လို့ မြောင်မြို့နယ် T.G.R People Defencr Force  ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

မြင်းမူမြို့နယ်, ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာကြားရှိ ရေဦးဆီဆိုင်ဟောင်းနားမှာ ခရီးသွားပြည်သူတွေဆီက ပိုက်ဆံကောက်နေတဲ့စစ်သားတွေကို သြဂုတ်လ ၁၅ ရက်မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မသိရဘူးလို့ ဆိုပါတယ်။

အလားတူ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာ သစ်တောကွင်းထဲက စစ်သားတွေကို ဒရုန်းနဲ့ဗုံးသီး ၄ ကြိမ်ချခဲ့ရာ ကင်းပုန်းဝတ်တဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးတယ်လို့  ဗိုလ်တိုက်ဂါးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းအနီးက ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့စစ်သားတွေကို ဗုံးသီး ထပ်မံကြဲချတိုက်ခိုက်ရာမှာ စစ်သား ၃ ဦးနေရာမှာတင် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်ခဲ့တဲ့ စစ်သားတွေဟာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကဖြစ်ပြီး မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲနေကာ စစ်ကောင်စီလမ်းကြောင်းအတွက် မုံရွာ - မန္တလေးလမ်းတလျှောက် ကင်းပုန်းဝပ် လမ်းရှင်းပေးနေတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Black Eagle Defence Force-MMU၊ Black Eagle Drone Force၊ T.G.R Women Drone Force၊TGR People's Defense Force၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #ဆက်ကြေးကောက် #စစ်ကောင်အုပ်စု #ဒရုန်းနဲ့ဗုံးကြဲခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10