မြင်းမူမြို့နယ် မြောင်လမ်းခွဲက စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ ၃ကြိမ်မြောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ဘိုးမင်းကြီးကင်းလမ်းခွဲ‌ (ခေါ်) မြောင်လမ်းခွဲမှာ ၂ နှစ်နီးပါး အထိုင်ချပြီး လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားယာဉ်တွေကို ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီဂိတ်စခန်းကို စက်တင်ဘာ ၂၈ ရက်မှာ Drone နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team ဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်မှာ စစ်သားအင်အား ၃၅ ဦးခန့်အထိုင်ချတပ်စွဲထားပြီး စက်တင်ဘာ ၂၈ရက် နေ့လယ် ၁၂ နာရီခွဲမှာ Shar Htoo Waw နည်းပညာသုံး Fixed Wings ၅ စီးနဲ့ drop bomb ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ Peacock Drone Team တာ၀န်ခံရာစုက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးဒဏ်ရာရသွားတာကို မြေပြင်ကင်းထောက်တွေဆီကတဆင့် သိရတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မူကို  Peacock DroneTeam-Myaung နဲ့အတူ M.D.F ဒရုန်း ကျားခင်စိန်၊ STANDARD REVOLUTION FORCE SRF-MMU၊ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ငါန်းဇွန် အားမာန်သစ်၊ Black Eagleအဖွဲ့ တို့က ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဂိတ်စခန်းကို  ဧပြီ ၁၃ ရက်မှာ ၁ ကြိမ်၊ ဇူလိုင် ၂၇ ရက်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ယခု ၁ ကြိမ်အပါ စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #ဂိတ်စခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10