မြင်းမူမြို့ပေါ်မှာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာကပ်လှုပ်ရှားသူတွေကို ရဲ ၂ ဦးက အကြမ်းဖက်တိုက်ခိုက်

မြင်းမူမြို့ပေါ်မှာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာကပ်လှုပ်ရှားသူတွေကို ရဲ ၂ ဦးက အကြမ်းဖက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့လယ်မှာ နိုဝင်ဘာ ၁၃ ရက် မနေ့ညအစောပိုင်းက ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာကပ်သူတွေကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၂ ဦးက အကြမ်းဖက်တိုက်ခိုက်လို့ တဦးဒဏ်ရာရရှိခဲ့တယ်လို့  ပြောပါတယ်။

မြင်းမူမြို့ရှိနေရာအနှံ့မှာ ဘန်နာတွေချိတ်ဆွဲခြင်း၊ စတစ်ကာကပ်တာတွေပြုလုပ်ခဲ့ပြီး မြို့လယ်ခေါင် ဈေးရှေ့ လမ်းမကြီးမှာ စတစ်ကာတွေကပ်နေချိန် စစ်ကောင်စီလက်အောက်ခံ ရဲ  ၂ ဦးရောက်လာကာ ဓါးနဲ့ထိုးခဲ့တာလို့ သိရပါတယ်။ 

တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်တွေ အထိုင်ချရာနေရာနဲ့ မီတာ ၃၀၀(ကိုက် ၃၀၀ ကျော်) အကွာမှာသာရှိပြီး ရုတ်တရက်ခြေလျင်ရောက်လာကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့(ရဲ)၂ ဦးက ဈေးလာရင်း လှုပ်ရှားမှုတွေ့တာနဲ့ ဝင်လုံးတာပါ။ မျက်နာကို ထိသွားတာပါ။ ဒဏ်ရာသက်သာပါတယ်“ လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကိုရီဗိုက ပြောပါတယ်။ 

တိုက်ခိုက်ခဲ့သူ ၂ ဦးဟာ ရဲတွေဖြစ်တယ်ဆိုတာကို လုံခြုံရေးယူပေးတဲ့ ဒေသခံတပ်ဖွဲ့ဝင်တွေဆီကနေ သိရတာလို့ သူကဆက်ပြောပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာတွေကပ်ရာမှာ "ရဲဘော်တို့ကာကွယ်နေတာ စစ်အာဏာရှင်လူတစု၊ နေ့စဉ်ရွတ်ဆိုနေတဲ့ သစ္စာတွေကို သတိရပါ၊ သစ္စာဓိဌာန်ဆိုတာ စူးတတ်တယ်""ကိုယ့်မိသားစုအတွက် စဉ်းစားပါ။ ကိုယ့်နိုင်ငံအတွက်စဉ်းစားပါ။ ပြည်သူ့ရင်ခွင်ခိုလှုံပါ" စာတန်းတွေချိတ်ဆွဲခဲ့ကြသလို "၁၀၂၇ လိူင်းတွေကို အောင်သပြေနဲ့ ကြိုဆို၊ ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ"၊ "စစ်ကောင်စီတပ်ကို စွန့်ခွာလိုသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ချိတ်ဆက်နိုင်သလို  ပြည်သူ့ပန်းတိုင်တယ်လီဂရမ်ချယ်နယ် https:// t.me/peopleGoal+66 94 652  9985 (သို့) ဗိုက်ဘာသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်" စတဲ့  စတစ်ကာတွေ ကပ်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့  မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာကပ်ထားမှုမြင်ကွင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူမြို့ #ပြည်သူ့ရင်ခွင်ခိုလှုံ #စတစ်ကာ #စစ်ကောင်စီ #အကြမ်းဖက်တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10