မြင်းမူမှာ စစ်အုပ်စုက ရွာသားတဦးကိုပစ်သတ်၊ ဘုန်းကြီးကျောင်းဆောက်မယ့်အလှူငွေကိုပါ လုယူ

မြင်းမူမှာ စစ်အုပ်စုက ရွာသားတဦးကိုပစ်သတ်၊ ဘုန်းကြီးကျောင်းဆောက်မယ့်အလှူငွေကိုပါ လုယူ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ကို ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းက ကျေးရွာသားတဦးကို ပစ်သတ်ပြီး ဘုန်းကြီးကျောင်းဆောက်မယ့် အလှူငွေ ၂၆ သိန်းနဲ့ ရွှေတကျပ်သားကိုပါ လုယူသွားတယ်လို့ အရာတော်မြို့နယ် ပအဖ အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်က မြင်းမူမြို့နယ်၊ ကန်သုံးဆင့်ကျေးရွာအနီးကို ဖြတ်သွားချိန် အဲ့ဒီရွာသားတဦးကို ပစ်သတ်ခဲ့တာဖြစ်ပြီး၊ ဇူလိုင် ၁၂ ရက် ကန်သုံးဆင့်ရွာထဲကို ပြန်လည် ဝင်ရောက်လာချိန်မှာတော့ ဘုန်းကြီးကျောင်းမှာသတင်းသုံးနေတဲ့ ခန်းနေဦးပဥ္ဇင်းဆီကနေ ပိုက်ဆံကို လုယူခဲ့တာလို့ ဆိုပါတယ်။ 

"ဦးပဥ္ဇင်းကျောင်းပေါ် တက်လာပြီး လွယ်ထားတဲ့အိတ်ထဲက ဘာတွေလည်းဆိုပြီး ပိုက်ဆံတွေမြင်တော့ လုသွားတာ။ ပိုက်ဆံ ၂၆ သိန်းနဲ့ ရွှေက ၂ ကျပ်သား ဦးပဥ္ဇင်းက ကျောင်းဆောက်ဖို့ငွေတွေပါဆိုလို့ စစ်သားတယောက်က ရွှေတကျပ်သားကို ပြန်ပေးသွားတာ"လို့ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် ကိုအုပ်စိုးက ပြောပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းထဲကထွက်လာပြီး ကျေးရွာထဲရှိအရက်ဆိုင်က ငွေကျပ် ၂ သိန်းကိုပါတောင်းသွားပြီး ဝက်သုံးကောင်ကိုလည်း သေနတ်နဲ့ ပစ်သတ်တဲ့အပြင် ရွာထဲရှိနေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူဟာ ကန်သုံးဆင့်ရွာသား အသက် ၃၀ အရွယ် ကိုနေအောင်ဖြစ်ပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ အရာတော်မြို့နယ်၊ မလဲသာရွာ၊ ညောင်ပင်ရွာနဲ့ ကန်ရင်းရွာတွေကို ဇူလိုင် ၁၁ ရက်က မီးရှို့ခဲ့တဲ့အင်အား ၁၇၀ ကျော်ပါစစ်ကြောင်းဖြစ်ပြီး၊ လက်ရှိမှာ ကန်သုံးဆင့်ရွာနဲ့ ၄ မိုင်အကွာရှိ ခွက်ခွင်းရွာမှာ တပ်စွဲထားတဲ့အတွက် ခွက်ခွင်းရွာသား ၅၀၀ ကျော်က တိမ်းရှောင်နေရပြီး ရွာထဲကိုပြန်မဝင်ရသေးဘဲ တောတိုက်တွေထဲမှာပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။  

စာတည်း - လင်း

#မြေလတ်အသံ  

#စစ်ကိုင်း #မြင်းမူ #ကန်သုံးဆင့်ရွာ #စစ်ကောင်စီ #ဒေသခံပစ်သတ် #ဘုန်းကြီးကျောင်း #ငွေလုယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10