မြင်းမူမှာ တော်လှန်ရုပ်ရှင်ပြသရင်း စစ်ဘေးကာကွယ်ဖို့ ပညာပေးလှုံ့ဆော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးလှုံဆော်တာတွေကို ဇူလိုင် ၂၄ ရက်ကစပြီး ပြုလုပ်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဆီက သိရပါတယ်။

အညာဒေသမှာ စစ်ရေးအရှိန်မြင့်တက်လာပြီဖြစ်တဲ့အတွက် ဗုံးခိုကျင်းတူးတာကအစ တခြားလိုအပ်ချက်တွေကို ကျေးရွာတရွာချင်းအလိုက် တော်လှန်ရုပ်ရှင်ပြသရင်း လှုံ့ဆော်နေကြတာပါ။

နွေဦးတော်လှန်ရေးကာလမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကိုပြပြီး အသိပညာပေးတာ၊ တူမီးစာစောင်တွေ၊ လူထုလက်စွဲစာအုပ်တွေမှာ ရေးသားပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဟောပြောပေးခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရီဗို ကပြောပါတယ်။

ပြည်သူလူထုကို တော်လှန်ရုပ်ရှင်ပြသဖို့အတွက် ကော်မတီအဖွဲ့တွေ တရွာကနေ နောက်တရွာကို သွားလာတဲ့အခါနဲ့ ရုပ်ရှင်ပြသနေတဲ့အချိန်တွေမှာလည်း ရပ်ရွာ ပအဖ၊ ပကဖ အဖွဲ့တွေက လုံခြုံရေးစောင့်ကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို စည်းရုံးလှုံ့ဆော်မှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မြင်းမူလူငယ်အင်အားစုတွေ လက်တွဲလုပ်ဆောင်နေပြီး မုံရွာမြို့နယ်အတွင်းမှာလည်း အသိပညာပေးပွဲတွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #တော်လှန်ရုပ်ရှင်ပြသ #စစ်ဘေး #ပညာပေး #မုံရွာလူထုသပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10