မြင်းမူရဲစခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ဧပြီ ၁၈ ရက် မနေ့က ည ၇ နာရီဝန်းကျင်လောက်မှာ သွားပစ်ခဲ့တယ်လို့ Dog Killers PDF ဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းထဲကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၈၀ မမ ၃ လုံး၊ ၆၀ မမ ၄ လုံးတို့နဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲစခန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ DK PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။


"သူတို့ဘက်ကို တလုံးကျလိုက်ပြီးတဲ့နောက်မှာ သူတို့ဘက်ကနေ လက်နက်ငယ်တွေ ၆၀ မမ တွေနဲ့ ကောင်တာပြန်ပစ်တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ပစ်ပြီး ပြန်သွားချိန် သူတို့ခွေးခြံကနေထွက်ပြီး အနီးနားတဝိုက်ကို ကင်းပတ်တာတွေလည်း လုပ်တယ်။ သေဆုံးမှုတွေတော့ မကြားသေးဘူး။ ထိခိုက်တာတွေပဲ ကြားသေးတယ်" လို့ ဆိုပါတယ်။

အခုလိုပစ်ခတ်ခဲ့ရတာဟာ မြင်းမူမြို့ပေါ်မှာ စစ်အုပ်စုက ညဘက်လက်နက်ကြီးပစ်သံတွေကြောင့် ပြည်သူလူထု အိပ်မရဖြစ်နေတာကြောင့် အဲ့ဒီရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People's Army To Fight Dictatorship တပ်ခွဲ DK PDF-MMU၊ People's Knight Defence Force Myinmu၊ Zarmini Revolution Force Myinmu/ Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ၊ TAUNGTHA People DefenseForce နဲ့ (D.B.B.F-MMU)စတဲ့ မဟာမိတ်တပ်ဖွဲ့‌တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10