သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြို့ရှောင်လမ်းကနေ စီးပွားရေးဘဏ်ကို ပြန်လာတဲ့စစ်သားတွေကို ဇွန်လ ၂၈ ရက် မနေ့မနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ DKPDF - Myinmu တာဝန်ခံဆီက သိရပါတယ်။
မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ် ၂ စီးနဲ့ စစ်သား ၄ ဦး ပြန်လာချိန် မြင်းမူမြို့အဝင်မှာ မနေ့မနက် ၇ နာရီလောက်က အသင့်ထောင်ထားတဲ့ မိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်သား ၄ ဦးကဒဏ်ရာရသွားတာ၊ ဆိုင်ကယ် ၂ စီးက တာယာတွေကကွဲသွားတာကို ဆက်မောင်းသွားတာ ဒဏ်ရာရတဲ့အထဲက အပြင်းအထန်ဒဏ်ရာရတဲ့ ၂ ယောက်ကတော့ သေဆုံးတယ်လို့ မြေပြင်သတင်းအရပြန်သိရတယ်" လို့ DKPDF - Myinmu တာဝန်ခံကပြောပါတယ်။
DK PDF က ထုတ်ပြန်တဲ့ရုပ်သံမှာ တိုက်ခိုက်ခံရအပြီး ၁ မိနစ်ခန့်အကြာမှာ စစ်သားတွေဘက်က သေနတ်တချက် ပစ်ဖောက်သံကို ကြားရပြီး သေဆုံးထိခိုက်မှုကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုချက် မရရှိပါဘူး။
အဲဒီတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu(DK PDF - MMU)၊ People's Knight Defense Force(PKDF MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ၊ D. B.B.F - MMU တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
DK PDF နဲ့ မဟာမိတ်တွေဟာ မေလ ၂၈ ရက်ညနေ ၆ နာရီလောက်ကလည်း စစ်ကိုင်းကနေ မုံရွာဘက်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မြင်းမူမြို့တွင်းကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။
ပုံစာ - မြင်းမူမြို့ထဲကို ဖြတ်သန်းသွားသည့် စစ်ယာဥ်တန်း။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မြင်းမူ #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #DKPDF
Share Share Share