မြစ်သားမှာ တာဝါတိုင်စောင့်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

မြစ်သားမှာ တာဝါတိုင်စောင့်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာ တာဝါတိုင်စောင့်ကာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၃ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

မိုင်တဲတာဝါတိုင်အနီးမှာ စစ်သားအင်အား ၂၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့စခန်းကို မနက် ၁၀ နာရီခွဲခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာပါ။ စစ်** ၁ ကောင်ပွဲချင်းပြီးသေတယ်။ ၂ ကောင် ဒဏ်ရာရခဲ့တယ်" NPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်လို့ သေဆုံးဒဏ်ရခဲ့တဲ့ စစ်သားတွေကို ကားတစီးနဲ့ တင်ဆောင်ပြီး မြစ်သားမြို့ဘက် ထွက်ခွာ သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုတိုက်ခိုက်ရာမှာ NPDF တပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိခဲ့သလို ဒရုန်းလည်း ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးစခန်းကို မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်စဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #မြစ်သား #မလှိုင် #စစ်ကောင်စီ #ဒရုန်း #သေဆုံး # ဒဏ်ရာရ #NPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10