မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့က စီမံကိန်းရုံးနဲ့ တရားရုံးတွေမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မတ် ၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး စီမံကိန်းရုံးနဲ့ တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စီမံကိန်းရုံးထိတွေ့တိုက်ပွဲမှာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးပြီး ပျူနဲ့ စစ်သား ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စီမံကိန်းရုံးမှာ အင်အား ၂၀ ခန့်နဲ့ တရားရုံးမှာ အင်အား ၇ ဦးခန့်ရှိပြီး ဒုရဲအုပ်နဲ့ ရဲကိုတော့ မနေ့တုန်းကမနက်မှာ မြိုင်မြောက်ဘက်အထွက်မှာ မြေမြှုပ်အမိန့်ပြန်တာ‌တွေ လုပ်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ မြိုင်မြို့ရဲ့ မြို့စုံဂိတ်လို့ခေါ်တဲ့ မြို့နယ်စီမံကိန်းရုံးကို အဓိကထား တိုက်ခိုက်တာဖြစ်ပြီး မြို့မရဲစခန်းဘက်က စစ်ကူလာရောက်တဲ့အတွက် စီးနင်းသိမ်းပိုက်နိုင်တာမျိုး မရှိဘဲ ပြန်ဆုတ်ခွါခဲ့တယ်လို့ People’s Democratic Army ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ  ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြိုင်တောင်ဘက် ၂ မိုင်လောက်ဝေးတဲ့ ခလရ  ၂၅၁၊ ခလရ  ၂၅၆ နဲ့ ခလရ  ၂၅၈ က စစ်သားတွေဟာ မြိုင်ဘက်ကိုပြန်ကပ်လာနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ မြိုင်နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း (၂ ၊ ၆ ၊ ၇ ၊ ၁၄၊ ၁၅ ၊ ၁၇)၊ PSGF ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊  ABSDF ကျောင်းသားတပ်မတော်၊ People’s Democratic Army၊ PRFတပ်၊ Urban ရေစကြိုတပ်ဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ နဲ့  King Cobra (ပခုက္ကူ) တို့က ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #စီမံကိန်းရုံး #တရားရုံး #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10