မြိုင်နယ်ထဲက စစ်အုပ်စုဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက် (ရုပ်/သံ)

မြိုင်နယ်ထဲက စစ်ကောင်စီဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ စည်ပင်ရုံး၊ မြို့နယ်ဥပဒေရုံး၊ ကြံ့ခိုင်ရေးရုံးတွေကို စက်တင်ဘာ ၇ ရက် မနက် ၇ နာရီဝန်းကျင်က 8+အညာမြေစစ်ဆင်ရေး မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revoulation Force ဆီက သိရပါတယ်။

အဆိုပါ စစ်အုပ်စုဂိတ်ဟာ မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်းပိုင်းပေါ်မှာရှိပြီး ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ပျူစောထီးတွေအပါအဝင် အင်အား ၃၀ လောက်နဲ့ အထိုင်ချတပ်စွဲနေတယ်လို့ M.V.P Revoulation Force ပြန်ကြားရေး တာဝန်ခံ ရဲဘော်ရှိုင်းက ပြောပါတယ်။

8+အညာမြေစစ်ဆင်ရေး မဟာမိတ်အင်အားစုတွေဘက်က စစ်အုပ်စုဂိတ် ဘန်ကာအနီးအထိ ဝင်ရောက်နိုင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တနာရီကျော်ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။ ဒါအပြင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံး ၃ ခုကိုလည်း မီးရှို့ခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးထိခိုက်စာရင်းကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ တာဝန်ခံ ရဲဘော်ရှိုင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို M.V.P Revolution Force၊ မြိုင်ပကဖ၊ မုံရွာခရိုင်ရင်း ၂၇ တပ်ခွဲ ၃ သိန်းငှက်၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ God of Myaing၊ ရင်း ၁၆ ခွဲ ၃၊ Anya Myayguerilla Force Myaing၊ Corba People Diffence Force ကိုမုဆိုးအဖွဲ့ ၊ Pku Underground Force၊ တမာမြေပြောက်ကျားတပ်ဖွဲ့ - မြိုင်၊ ဓာမင်းကြီး ဂဠုန်တပ်ရင်း ၁ တပ်ခွဲ ၂၊ မြိုင်နယ် Drone အဖွဲ့တွေက ပူပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #စစ်အုပ်စုဂိတ် #ဌာနဆိုင်ရာ #ရုံး #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10