သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်း (အနောက်ရွာ)က နေအိမ် ၃၂ လုံးကို စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၇၀ နီးပါးရှိတဲ့ စစ်သားနဲ့ပျုစောထီးတပ်ဖွဲ့ဟာ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်တောင်ရွာကနေ ဧပြီလ ၂၃ ရက် မနေ့ညနေ ၄ နာရီလောက်က ထွက်လာပြီး အဲဒီရွာနဲ့ ၉ မိုင်းလောက်ဝေးတဲ့ ညောင်တွင်းရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်ကာ တညအိပ်စခန်းချခဲ့ပြီးတဲ့နောက် ဒီမနက်မှ မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။
"မနေ့ကတည်းက ပန်းတိုင်တောင်ရွာကနေ ထွက်လာချိန် သေနတ်တွေ ပစ်ဖောက်လို့ အဲဒီရွာက စစ်ရှောင်တဦး ဆုံးသွားတယ်လို့ကြားတယ်။ ညောင်တွင်းရွာကိုတော့ ဒီနေ့မနက်မှ မီးရှို့သွားတယ်။ ရွာသားတွေတော့ ရွာထဲပြန်မဝင်ကြသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း မရှိပါဘူး" လို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။