သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရွာကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁ ရက် မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအတွင်း ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ THU RAIN - TR တပ်ဖွဲ့ဆီက သိရပါတယ်။
တောင်ရွာဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲရာမှာ ၁၇ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ၁ ဦး သေသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းက တည်ပင်ရွာက အမျိုးသား ၃ ဦး ဓားစားခံအဖြစ် ဖမ်းခေါ်သွားခဲ့ပေမယ့် အဲဒီနေ့မှာပဲ ပြန်လွတ်မြောက်ခဲ့ပါတယ်။ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သူတို့ ၃ ဦး လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေကို လွတ်လာတဲ့ ၂ ယောက်က ပြောပြတယ်။ သူတို့ ၂ ယောက်ကို ဘုန်းကြီးကျောင်းထဲမှာဖမ်းထားတော့ သူတို့တွေ့ရတယ်။ ကယ်ကြပါဦး ဆိုတာတွေလည်း ကြားရတယ်။ တပ်ကြပ်တယောက် သေသွားတာကိုတော့ ကျနော်တို့အတွင်း သတင်းကနေကြားရတာပါ။”လို့ THU RAIN - TR တာဝန်ခံတဦးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ တောင်ရွာကနေ အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ အဲဒီရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ နှောပင်ရွာထဲကိုဝင်သွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်ရွာထဲကိုဝင်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အခုချိန်ထိ ရှင်းလင်းရေးလုပ်နေတုန်းပါ။ ရွာသားတွေကိုလည်း ရွာထဲပေးမဝင်ရသေးပါဘူး။ သူတို့ တောင်ရွာက အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ နေအိမ်တွေကိုတော့ မီးရှို့သွားတာမျိုးတွေတော့မရှိဘူး ဝင်ပြီးတော့ မွှေနှောက်သွားတာမျိုးတွေ ရှိတယ်။”လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ ဒုတပ်ကြပ်တဦးရဲ့လွယ်အိတ်တလုံးကို တွေရှိခဲ့ပြီး လွယ်အိတ်ထဲက ၅.၅၆ကျည် ၂၅၀ တောင့် ၊ ဓာတ်မီးတလုံး၊ လေးခွတလက်နဲ့ ပိုက်ဆံ ၅၉၅၀ ကျပ်ကိုရရှိခဲ့ပြီး လွယ်အိတ်ရဲ့ဘေးမှာတော့ သွေးအိုင်ကို တွေ့ခဲ့တယ်လို ဆိုပါတယ်။
ဒီနေ့အထိ အဲ့ဒီစစ်ကြောင်းဟာ နှောပင်ရွာထဲမှာပဲရှိနေသေးတဲအတွက် ပြည်သူတွေကတော့ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို PKU Thurain အဖွဲ့ ၊ Young Force UG အဖွဲ့ ၊ MRTF အဖွဲ့ နဲ့ မြိုင်ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မြိုင် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #အီနာဂါဗုံး #ထိခိုက် #PDF #ရုပ်သံသတင်း
Share Share Share