မြိုင်မြို့နယ် ဝါးကြီးတောရွာက အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား

မြိုင်မြို့နယ် ဝါးကြီးတောရွာက အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း စက်မှု (၂) ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝါးကြီးတောရွာအနီးကတောထဲမှာ နေထိုင်တဲ့ အမျိုးသားတဦးကို ဓားစားခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

စက်မှု (၂) ကနေ ၃ မိုင်အကွာ မြို့စိုးရွာနဲ့ ဝါးကြီးတောရွာကြားက တောတိုက်မှာနေထိုင်ပြီး တောင်ယာလုပ်ကိုင်နေတဲ့ မိသားစုဟာ ဒီနေ့မနက် ၄ နာရီလောက်က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အမျိုးသားဖြစ်သူ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

ပြည်သူတယောက် အဖမ်းခံလိုက်ရတယ်လို့ဘဲ သိရသေးတယ်။ ဘယ်သူဘယ်ဝါလဲဆိုတာ ကျနော်တို့လည်း စုံစမ်းနေတုန်း၊ ဖုန်းလိုင်းတွေကလည်း ဆက်သွယ်လို့မရသေးဘူး။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်လို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။ 

အခုလက်ရှိအချိန်မှာ အဲ့ဒီစစ်ကောင်စီတပ်က ဝါးကြီးတောရွာထဲမှာပဲ ရှိနေသေးတဲ့အတွက် ဘောတုံ၊ မြို့စိုး၊ ကွန်လပ်၊ မကြီးကုန်း၊ ဘောင့်ဘင်ရွာနဲ့ ဝါးကြီးတောရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၁ ရက်ကလည်း ကန်းကြီးရွာထဲကနေ ဓားစားခံအဖြစ် ဖမ်းခေါ်သွားတဲ့ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ကို ညောင်ညိုတောရွာ အရှေ့ဘက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ 

 အလားတူ အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီလောက်မှာ ကန်ကြီးရိုးရွာတဝိုက်ကို ဝင်လာချိန် ဒေသခံပြည်သူတွေကို ကယ်ထုတ်နေတဲ့ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမျိုးခိုင် (ခ) ဗိုလ်လင်းမြွေ ကိုပါ ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10