မြိုင်မြို့ နေရာ ၃ နေရာကို PDF အဖွဲ့တွေ ဝင်ရောက်ပစ်ခတ် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့နေရာ ၃ နေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၆ ရက် မနေ့က မနက် ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ်ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၂၀၀ ကျော်ခန့်နဲ့ အထိုင်ချထားရာ အမှတ်(၃)စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ဘုန်းကြီးကျောင်း စတဲ့နေရာ ၃ နေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တချိန်တည်း သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း စာသင်ကျောင်းနဲ့ ဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြိုင်မြို့မရဲစန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိပေမယ့်လည်း အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲလို့လည်း ဗိုလ်လက်ယာက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီခန့်အကြာမှာ  စစ်ကောင်စီတပ်သားတွေက မြို့နယ် NLDရုံးနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ ပတ်ဝန်းကျင်အနီးမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း (၁)၊ မြိုင်ပကဖ တပ်ရင်း (၂) နဲ့ Earthquake People’s Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း -နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #မကွေးတိုင်း #မြိုင်မြို့နယ် #စစ်ကောင်စီ #တပ်စခန်း #ပကဖ #PDF #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10