မြိုင်မြို့အဝင်ဂိတ် အနီးကပ်ပစ်ခတ်ခံရလို့ တဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အဝင် မန္တလေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖဆီက သိရပါတယ်။

အဲ့ဒီဂိတ်ကို  ကာကွယ်ရေးတပ်ဖွဲ့တွေက ကားနဲ့ သွားရောက်ပစ်ခတ်ချိန် အပြန်အလှန်ပစ်ခတ်ချိန် ၃ မိနစ် ကြာခဲ့ပြီး ဘန်ကာရှေ့မှာထွက်ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးထဲက ၁ ဦးသေသွားတယ်လို့ မြိုင်ပကဖတပ်ဖွဲ့ဝင် Cross ကပြောပါတယ်။

“အရင်ကအများကြီး ထွက်စစ်တယ်။ အခုက ခဏခဏ လာလာပစ်ခံရတော့ ဂိတ်ရှေ့ ကိုနည်းနည်းပဲထွက်တော့တယ်။ ကျနော်တို့ ဒီမနက်သွားပစ်တဲ့အချိန် အဲ့ဒီဂိတ်မှာ အင်အားက ၈ ယောက်လောက်ပဲရှိတယ်။ ၂ ယောက်ကထွက်စစ်နေတာ ၁ ယောက်ကလဲကျသွားတယ်။ ” လို့ဆိုပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ဖွင့်ထားတာဟာ တနှစ်ကျော်လောက်ရှိပြီဖြစ်ကြောင်းနဲ့ အဲ့ဒီဂိတ်ရှေ့ကိုဖြတ်တဲ့ သူတိုင်း ငွေကြေးတောင်းခံတာတွေ၊ ဟင်းသီးဟင်းရွက်တွေကို မပေးဘဲယူထားတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မြိုင်ပကဖ တပ်ဖွဲ့ဟာ စက်တင်ဘာ ၁ ရက်နေ့ကလည်း တွင်းမစခန်း နဲ့ သရက်ကန်စခန်းကြားတနေရာမှာ ရပ်နေတဲ့ စစ်ကောင်စီ ထောက်ပို့ကားတစီးကို အီနာဂါ အလုံး ၄၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီထောက်ပို့ကား ၂ စီး ထိခိုက်ပျက််စီးသွားတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တပ်ရင်း ၂၊ တပ်ခွဲ ၃၊ ၄ နဲ့ Earghquake people’s defence force တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #မြိုင် #အနီးကပ် #ပစ်ခတ် #စကစ #မြိုင်ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10