မြိုင်မှာ PDF က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ ၄ ဦးသေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကိုင်းတောမရွာကနေ ဆုံကုန်းရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်စီစစ်ကြောင်းကို အောက်တိုဘာ ၃ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ Myaing Under Ground Defence Force အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရွာကနေ ဆုံကုန်းရွာဘက် ခြေလျင်လာ တာကို ၂ ရွာ ကြားကနေ မနက် ၁၁ နာရီလောက်မှာ ရှေ့ထွက် မိုင်း ၁၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ပွဲမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စင်္ကြာ - ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်း မိုင်းကွင်းထဲ ရောက်လာတဲ့အခါ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲပြီး လက်နက်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တနာရီခန့်ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ မြိုင်မြို့နယ်အတွင်းရှိ စက်မှု -၂ စကစ (စက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ) ကို ရေပို့နေတဲ့ ကိုင်းတောမရွာ ရေစက်မှာ လုံခြုံရေးစောင့်နေတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

၃ ဦးကတော့ နေရာမှာတင် ပွဲခြင်းပြီး သေတယ်လို့ မဟာမိတ်ရဲဘော်တွေက ပြောတယ်။ နောက်ဆက်တွဲအနေနဲ့ ထပ်သိရတာက ၁ ယောက်ထပ်သေတယ်။ လို့ Myaing UnderGround Defence Force ခေါင်းဆောင် ဗိုလ်တိုးကြီးက ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း စင်္ကြာ - ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ကျွဲကြီးနဲ့ မဟာမိတ်ရဲဘော် ၂ ဦးဟာ သေဆုံးစစ်သားရဲ့ သေနတ်ကို ယူဖို့ကြိုးစားရာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး သေနတ်ရယူနိုင်ခြင်း မရှိဘူးလို့  စင်္ကြာ - ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မူမှာ မြိုင်(ပ.က.ဖ)တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာ- ဒေသကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၁၊ PPKU ခရိုင်တပ်ရင်း(၂)၊  MUGDF၊ BADASSESS BURMA FORCE၊ အပြုံးမပျက်တဲ့ဂတုံးတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊  မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် (ပ.က.ဖ) တပ်ရင်း ၃ တပ်ခွဲ ၁ နဲ့ ဝံပလွှေပြောက်ကြားတပ်ဖွဲ့ (မြိုင်)တို့ ပူးပေါင်းခဲ့တာလို့ သိရပြီး တိုက်ခိုက်နေချိန်အတွင်း ပူးပေါင်းအဖွဲ့တွေ ကျည်အင်အားနည်းပါးလာလို့ နောက်ပြန် ဆုတ်ခဲ့ရတယ်လို့ဆိုပါတယ်။

မြိုင်မြို့နယ်၊ ကိုင်းတောမရွာမှာ တပ်စွဲထားတဲ့စစ်သားတွေဟာ စက်တင်ဘာလဝန်းကျင်ကလည်း  ဆုံကုန်းရွာနဲ့ ညောင်ကုန်းရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့သေးတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကလည်း စင်္ကြာ - ဒေသကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေဟာ မြိုင်မြို့နယ်စက်မှု ၂ က နေထွက်လာတဲ့စစ်ကြောင်းကို ကိုင်းတောမရွာနဲ့ သရက်ကန်ရွာကြားကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော်  

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ကိုင်းတောမရွာ #ဆုံကုန်းရွာ #စစ်ကြောင်းထိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10