မြိုင်မှာ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက အမျိုးသားတဦးကိုသတ်ခဲ့

မြိုင်မှာ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက အမျိုးသားတဦးကိုသတ်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရွာက ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၅၀ အရွယ် ကိုဖြူဖြစ်ပြီး တောင်ရွာအတွင်း သူပိုင်ဆိုင်သည့် ကြက်ခြံအနီးမှာ သေနတ်နဲ့ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ 

“သူတို့ (စစ်ကောင်စီ) တောင်ရွာက အမျိုးသားတဦးကိုလည်း သတ်သွားတယ်” လို့ THU RAIN - TR တပ်ဖွဲ့ဝာာဝန်ခံက ပြောပါတယ်။ 

အောက်တိုဘာ ၁ ရက်မနေ့ မနက် ၉ နာရီလောက်ကစပြီး တောင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို THU RAIN နဲ့ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ Fix wingကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ပြီးနောက်မှာ အသတ်ခံလိုက်ရတာဖြစ်ပြီး ဘယ်အချိန်မှာ အသတ်ခံခဲ့ရတယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

စစ်ကောင်စီတပ်များ ကျန်ရှိခဲ့သည့် သွေးကွက်
စစ်ကောင်စီတပ်များ ကျန်ရှိခဲ့သည့် သွေးကွက်

ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိခဲ့ပြီး အောက်တိုဘာ ၂ ရက်ဒီနေ့လယ်ပိုင်းမှ စစ်အုပ်စုက တောင်ရွာကနေ ၅ မိုင်အကွာရှိ နောပင်ရွာကို ထွက်သွားတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ကာကွယ်ရေးတပ်တွေက တောင်ရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သေဆုံးသူ ဦးဖြူရဲ့ အလောင်းကိုတွေ့ခဲ့ရတာလို့ THU RAIN - TR တပ်ဖွဲ့ဝာာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက်က ဒုတပ်ကြပ်ရဲ့ လွယ်အိတ်တလုံးကို သိမ်းဆည်းရရှိခဲ့ပြီး အဲ့ဒီလွယ်အိတ်ထဲက ၅.၅၆ကျည် ၂၅၀ တောင့်၊ ဓာတ်မီးတလုံး၊ လေးခွတလက်နဲ့ ပိုက်ဆံ ၅၉၅၀ ကျပ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက် #သတ်ဖြတ် #ဒေသခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10